အမေရိကန်ပြည်ထောင်စု သမ္မတ Barack Obama (Credit: Reuters)
အမေရိကန် သမ္မတ Barack Obama ဟာ လာမယ့် ဧပြီလကျရင် ဂျပန်၊ မလေးရှား၊ ဖိလိပိုင်နဲ့ တောင်ကိုးရီးယားတို့ကို သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ သိရပါတယ်။
သူ့ရဲ့
ဧပြီလခရီးစဉ်အတွင်း Trans-Pacific Partnership ခေါ် ဖစိဖိတ်ဒေသအတွင်း
လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့
ညှိနှိုင်းဆွေးနွေးမှုလုပ်ဖို့ရှိ တယ်လို့ သိရပါတယ်။
ဖစိဖိတ်ဒေသအတွင်း လွတ်လပ်စွာကူးသန်းရောင်းဝယ်ရေးထဲမှာ နိုင်ငံပေါင်း ၁၂နိုင်ငံပါတယ်။
အခုအာရှခရီးစဉ်အတွင်းမှာတော့ တရုတ်နိုင်ငံကို လည်ပတ်ဖို့ ချန်ထားတာဟာ သိသာ တဲ့အရာတခု ဖြစ်နေတယ်လို့ သုံးသပ်နေကြ ပါတယ်။
ဒါပေမယ့်
လာမဲ့နှစ်ကုန်ပိုင်းကျရင်တော့ သြစတြေးလျ၊ တရုတ်နဲ့ မြန်မာနိုင်ငံတွေက
ဒေသတွင်း ညီလာခံတွေကို တက်ရောက်ဖို့အတွက် ပစိဖိတ် ဒေသဘက်ကို
နောက်တစ်ခါ ပြန်လာဖို့ရှိတယ်လို့ သိရပါတယ်။
ABC Australia Radio
0 comments:
Post a Comment