
နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စသည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန် အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက် ရှိကြောင်း သိရသည်။
ထို့အပြင် အစိုးရရုံးပိတ် ရက်တွင် ပုံမှန်ပိတ်ရက်ပေးရန်နှင့် စက်ရုံ၏ လုပ်ငန်းလိုအပ်ချက် ကြောင့် အရေး တကြီးခေါ်ပါက လုပ်ခကို လက်ငင်းရှင်းလင်းပေး ရန်၊ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ခေါ်ခြင်းကို အလုပ်သမား များမှပျက်ကွက် ပါက လည်း မည် သည့်အပြစ်မျိုးမှမပေးရန်၊ နှစ် စဉ်ကြေး ယခင် ကျပ် ၃ဝဝဝမှ ယခု ကျပ်၂ဝဝဝတိုး၍ ကျပ် ၅ဝဝဝပေးရန်၊ လစာထုတ်သည့် ရက်များတွင် မည်သည့်အကြောင်း ပြချက်နှင့်မှ အချိန်ပိုမခေါ်ရန်၊ တစ်နှစ်လျှင် နှစ်ကြိမ်လစာတိုး ပေးရန်၊ စနေနေ့တွင် ၁၁နာရီ ခွဲနောက်ပိုင်းအချိန်ပိုခေါ်ရာ တွင် အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြန်သည့်အလုပ်သမား များကို ရက်မှန်ကြေးမှမဖြတ် ရန်၊ နေ့စဉ်ကြေး ယခင် တစ်နာရီ ကျပ် ၁၂ဝမှ ၃ဝတိုးပေး၍ တစ် နာရီ ကျပ် ၁၅ဝပေးရန်၊ အချိန် ပိုကြေး ယခင် ၂၆၂ ကျပ်မှ ၃၈ ကျပ်တိုး၍ ၃ဝဝပေးရန်၊ အချက် ၁၂ချက်ကို အလုပ်သမားများမှ တောင်းဆိုခဲ့ကြောင်း အလုပ်သ မားများက ပြောသည်။
အဆိုပါစက်ရုံ၏ အခြေခံ အလုပ်သမား ဦးမျိုးဇော်ဦးက ''ကျွန်တော်တို့အလုပ်သမားတွေ တောင်းထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဒီနေ့မနက် အလုပ် ရှင်နဲ့ဝင်ညှိခဲ့ပါတယ်။ အလုပ်ရှင် က သုံးခုလောက်ပဲ လိုက်လျောပြီး ငွေကြေးနှုန်းထားနဲ့ပတ်သက် တဲ့အပိုင်းတွေကို လုံးဝမညှိနှိုင်း ပေးတဲ့အတွက် အခုလို ဆန္ဒပြရ တာပါ''ဟု ပြောသည်။ စက်ရုံမှအိမ်သို့ပြန်ရာတွင် ဖယ်ရီကားမစီစဉ်ပေးသည့်အ တွက် အချိန်ပို ဆင်း၍ ပြန်ရချိန် နောက်ကျသည့်အတွက် အလုပ်မှသတ်မှတ်ပေးသည့် ကားခနှုန်းထားသည် လုံးဝလောက်ငှခြင်း မ ရှိကြောင်း၊ စက်ရုံတွင် သောက်သုံး ရေမထားရှိပေးသည့်အတွက် သောက်သုံးရေထားရှိပေးရန် တောင်းဆိုခဲ့ကြောင်း ယင်းမှ ဆက်လက်ပြောသည်။
ဇာခြည်လှိုင်
Yangon Media Group
0 comments:
Post a Comment