Saturday, December 7, 2013

လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခံရဆုံး ပြဿနာရှစ်ခုအား အရပ်ဘက်အဖွဲ့အစည်းများ ၀ိုင်းဆွေးနွေးမည်

ဒီဇင်ဘာ ၁ဝရက်တွင်ကျင်းပမည့် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် မြန်မာနိုင်ငံအတွင်း လူ့အ ခွင့်အရေးချိုးဖောက်မှု အခံရဆုံး ပြဿနာရှစ်ခုအား အရပ်ဘက် အဖွဲ့အစည်း များမှ ဝိုင်းဝန်းဆွေး နွေးကာ ရလဒ်များကို သမ္မတနှင့် အမျိုးသား လူ့အခွင့်အရေးကော်မ ရှင်သို့တင်ပြသွားမည်ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အ ရေးနေ့ ကျင်းပရေးကော်မတီထံ မှ သိရသည်။
မြန်မာနိုင်ငံတွင် ဖြေရှင်းရ မည့်ပြဿနာများဖြစ်သည့် အ မျိုးသမီးအရေး၊ ကလေးသူငယ် များအရေး၊ မသန်စွမ်းသူများအ ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်၊ လူ့အခွင့်အရေးနှင့်ငြိမ်း ချမ်းရေး၊ လိင်တူ ချစ်သူများ၊ အလုပ်သမားအရေးနှင့် လယ်ယာ မြေ သိမ်းဆည်းမှုပြဿနာများ ဟူသည့် ခေါင်းစဉ်ရှစ်ခုဖြင့် အရပ် ဘက်အဖွဲ့အစည်းများမှ ဝိုင်းဝန်း ဆွေးနွေး သွားမည်ဖြစ်ပြီး ဒီဇင် ဘာ ၁၀ ရက်တွင် ရလဒ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ ကျင်းပရေးကော် မတီထံမှသိရသည်။

''ဆွေးနွေးသွားမယ့် ခေါင်းစဉ်ရှစ်ခုဟာ မြန်မာနိုင်ငံမှာလတ် တလော ဖြေရှင်းဖို့လိုအပ်နေတဲ့ ကိစ္စတွေဖြစ် တယ်။ ကုလသ မဂ္ဂ အေဂျင်စီတွေ ယူနီဆက်ဖ်၊ ယူ အင်န်ဒီပီတို့က တက်ရောက်ပြီး ဆွေးနွေး အကြံပြု သွားမှာပါ''ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ ရေးနေ့ ကျင်းပရေးကော်မတီဝင် Equality Myanmar မှ ဦးအောင် မျိုးမင်း က ပြောသည်။

မြန်မာနိုင်ငံအတွင်း လူ့အ ခွင့်အရေးချိုးဖောက်ခံရမှုများအား အစိုးရ အနေဖြင့် ကာကွယ် လုပ်ဆောင်ပေး မှုမှာ အားနည်း နေသေးကြောင်း လူ့အခွင့် အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း များထံမှသိရသည်။

Equality Myanmar မှ ဦး အောင်မျိုးမင်းက ''မြန်မာနိုင်ငံ မှာ ပွင့်လင်းမြင်သာမှုတွေရှိလာ ပေမယ့် လူ့အခွင့် အရေး ချိုးဖောက် မှုဆိုင်ရာ ပြဿနာတွေရှိနေတုန်း ပဲ။ အစိုးရအနေနဲ့ တိုးမြှင့်ကာ ကွယ်ပေးဖို့ လိုအပ်နေပါတယ်''ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ အခမ်းအနား ကို မြန်မာနိုင်ငံတွင် 'လူ့အခွင့်အ ရေးသည် လူတိုင်းရဲ့ အရေး'ဟူ သည့်ဆောင်ပုဒ်ဖြင့် ဒီဇင်ဘာ ၉ရက်နှင့် ၁၀ ရက်တွင် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ ဥသျှစ်ပင်၊ မကွေး၊ ရေတာရှည်၊ ဘိုကလေး၊ ကသာ၊ လွိုင်ကော် နှင့် ကလေးမြို့တို့တွင်ပါ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် သီချင်း၊ ပန်းချီ၊ ဓာတ်ပုံ ပြပွဲများကို ဒီဇင်ဘာ ၁ဝရက် မွန်း လွဲ၃နာရီမှ၈နာရီအထိ Excel Hotel တွင် ကျင်းပသွားမည်ဖြစ် ပြီး မည်သူမဆို ဝင်ရောက်ကြည့် ရှုနိုင်ကြောင်းသိရသည်။

Yangon Media Group

0 comments:

Post a Comment