Friday, December 6, 2013

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ခါးပိုက်နှိုက် (၅)ဦးဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ခါးပိုက်နှိုက် (၅)ဦးဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၆

၎.၁၂.၂၀၁၃ရက်နေ့ ၀၅၂၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်
ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်း၊ တံတားဖြူမှတ်တိုင်တွင် အမှတ်(၇၉)ယာဉ်လိုင်းပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်
နေသူများဖြစ်သည့် မင်းမင်း (ဘ)ဦးဖိုးထောင်အေး၊ စန်းဝင်း (ဘ)ဦးကျော်သန်းနှင့် ကြည်ခိုင် (ဘ)ဦးသန်းထွန်းတို့ (၃)ဦးအား
တွေ့ရှိစစ်မေးရှာဖွေရာ စန်းဝင်းထံမှ ငွေကျပ် (၁၁၀၀၀)တွေ့ရှိရပြီး ယာဉ်လိုင်းပေါ်ပါ အမျိုးသားတစ်ဦးအား မင်းမင်းနှင့် ကြည်ခိုင်တို့မှ လူကာပေးပြီး စန်းဝင်းမှနှိုက်ယူရရှိခဲ့သည့်ငွေများဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် လှိုင်သာယာမြို့မရဲ စခန်း(ပ)၁၃၉၀/၂၀၁၃၊ 
ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၀၀၅အချိန် ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်မှတ်တိုင်တွင် အမှတ်(၈၁)ယာဉ်လိုင်း ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်း
ရှိသူ ထွန်းထွန်း(ခ)ရွှေအ (ဘ)ဦးမောင်လွင်၊ မြိုင်သာယာရွာ၊
မှော်ဘီမြို့နယ်နှင့် သန်းထွေး(ခ)ကုလား (ဘ)ဦးတင်ညွန့်၊
ဘောလယ်ကျေးရွာ၊ ထန်းတပင်မြို့နယ်နေသူတို့နှစ်ဦးအား
စစ်မေးရှာဖွေရာ ထွန်းထွန်း(ခ)ရွှေအထံမှ ငွေကျပ် (၉၀၀၀)တွေ့ရှိရပြီး ယာဉ်လိုင်းပေါ်ပါ အမျိုးသားတစ်ဦးအား သန်းထွေး(ခ)ကုလားမှ လူကာပေးပြီး ထွန်းထွန်း(ခ)ရွှေအမှ နှိုက်ယူရရှိခဲ့သောငွေများ
ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ရွှေပြည်သာမြို့မရဲ စခန်း(ပ)၈၈၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ကျန်အမှုများနှင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
၎.၁၂.၂၀၁၃ရက်နေ့ ၀၅၂၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက် ဖမ်းဆီးရမိရေးဆောင်ရွက်စဉ် လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်း၊ တံတားဖြူ မှတ်တိုင်တွင် အမှတ်(၇၉)ယာဉ်လိုင်းပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်နေသူများဖြစ်သည့် မင်းမင်း (ဘ)ဦးဖိုးထောင်အေး၊ စန်းဝင်း (ဘ)ဦးကျော်သန်းနှင့် ကြည်ခိုင် (ဘ)ဦးသန်းထွန်းတို့ (၃)ဦးအားတွေ့ရှိစစ်မေးရှာဖွေရာ စန်းဝင်းထံမှ ငွေကျပ် (၁၁၀၀၀)တွေ့ရှိရပြီး ယာဉ်လိုင်းပေါ်ပါ အမျိုးသားတစ်ဦးအား မင်းမင်းနှင့် ကြည်ခိုင်တို့မှ လူကာပေးပြီး စန်းဝင်းမှနှိုက်ယူရရှိခဲ့သည့်ငွေများဖြစ်ကြောင်းပေါ်ပေါက်သဖြင့် လှိုင်သာယာမြို့မရဲ စခန်း(ပ)၁၃၉၀/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့်အမှုဖွင့်အရေးယူခဲ့ပါသည်။

အလားတူ ၁၀၀၅အချိန် ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်မှတ်တိုင်တွင် အမှတ်(၈၁)ယာဉ်လိုင်း ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ထွန်းထွန်း(ခ)ရွှေအ (ဘ)ဦးမောင်လွင်၊ မြိုင်သာယာရွာ ၊ မှော်ဘီမြို့နယ်နှင့် သန်းထွေး(ခ)ကုလား (ဘ)ဦးတင်ညွန့်၊ဘောလယ်ကျေးရွာ၊ ထန်းတပင်မြို့ နယ်နေ သူတို့ နှစ်ဦးအား စစ်မေးရှာဖွေရာ ထွန်းထွန်း(ခ)ရွှေအထံမှ ငွေကျပ် (၉၀၀၀)တွေ့ရှိရပြီး ယာဉ်လိုင်းပေါ်ပါ အမျိုးသားတစ်ဦးအား သန်းထွေး(ခ)ကုလားမှ လူကာပေးပြီး ထွန်းထွန်း(ခ)ရွှေအမှ နှိုက်ယူရရှိခဲ့သောငွေများ
ဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် ရွှေပြည်သာမြို့မရဲ စခန်း(ပ)၈၈၉/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့်အရေးယူထားရှိပြီး ကျန်အမှုများနှင့် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment