Monday, December 9, 2013

ပြန်တမ်းဝင်အရာရှိကို တရားစွဲဆိုနိုင်ရေး နိုင်ငံတော်သမ္မတခွင့်ပြုချက်ရရန် ခက်ခဲနေဟုဆို

ရဲမှူးကဲ့သို့ ပြန်တမ်းဝင်အရာရှိတစ်ဦးအား ပြည်သူဘက်က တရားစွဲဆိုခွင့်ရရန် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်လိုအပ်ကြောင်း လက်တွေ့ ထိုသို့ တရားစွဲဆိုခွင့်အတွက် သမ္မတထံ လျှောက်ထားခဲ့ကြရာ နှစ်လ ခန့်ကြာသည့်အထိ ခွင့်ပြုချက်မရရှိသေးဘဲ ခက်ခဲလျက်ရှိနေသည်ဟု တောင်သူလယ်သမားအရေးနှင့် အလုပ်သမားအရေးကိစ္စတို့တွင် ကူညီဆောင်ရွက်လျက်ရှိသည့် ပျဉ်းမနားမြို့မှ ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောသည်။

အချို့ဆိုလျှင် ယမန်နှစ်ကတည်းက လျှောက်ထားခဲ့သော်လည်း ယနေ့အထိ ခွင့်ပြုချက်မရသေးဟု ၎င်းက ဆက်လက် ပြောကြားသည်။ “ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပုဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာမှာဖြစ် ခဲ့တဲ့ ညအချိန်မတော် ရွာထဲကို ရဲတွေအများကြီးဝင်လာပြီး ရွာသားတွေနဲ့ ပဋိပက္ခဖြစ်တဲ့ကိစ္စအတွက် ရွာ သားတွေဘက်က ရဲတွေကို တရားစွဲဖို့ ကြိုးပမ်းကြတယ်၊ စွဲရမှာက ပြန်တမ်းဝင်အရာရှိဖြစ်နေလို့ တရား စွဲချင်ရင် အစိုးရအဖွဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတရဲ့ ခွင့်ပြုချက်လိုတယ်၊ ဒါကြောင့် အဲဒီရဲတပ်ဖွဲ့ဝင် ၆၀ ကို ဦးဆောင်လာတဲ့ ရဲမှူးသန်းဝင်းကို တရားစွဲဆိုခွင့်ရဖို့ သမ္မတဆီကို အဲဒီလကုန်ရက်ကပဲ လျှောက် လွှာတင်ခဲ့ကြတာ၊ အခု ဒုတိယအပတ်အထိ ပြန်ကျမလာသေးဘူး၊ အလားတူဖြစ်ရပ်မျိုးလဲ နှစ်ကျပ်ခွဲရွာ မှာ ဖြစ်နေတယ်ဗျ”ဟု ၎င်းက မဇိ္ဈမကို ပြောသည်။

၂၀၁၂ ခုနှစ်အတွင်း ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာတွင် ဒေသခံရဲများက မသင်္ကာသူကို ဖမ်းဆီးရန် ညအချိန်မတော် ရွာတွင်းသို့ ၀င်ရောက်ခဲ့မှုကြောင့် ၎င်းရွာရှိ NLD ရုံးနှင့် ရုံးတွင်းပစ္စည်းများ ပျက်စီးခြင်းတို့အတွက် ကျောက်ပန်းတောင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးဇော်ဝင်းက အဆိုပါရဲတပ်ဖွဲ့၏ တာ ၀န်ရှိသူအား တရားစွဲဆိုနိုင်ရန် သမ္မတထံ စာတင်ခဲ့ခြင်းနှင့် ယနေ့အထိ ခွင့်ပြုချက်ကျမလာသေးခြင်းတို့ ကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရှေ့နေဦးခင်မောင်ဇော် မူလရည်ညွှန်းသည့် ၀ဲကြီးကျေးရွာအမှု၏ အကျိုးဆက်ကမူ ၎င်းရွာသား ၁၉ ဦး တို့ ပျဉ်းမနားမြို့နယ်ရဲစခန်းရှိ အချုပ်ခန်းထဲ၌ ရောက်ရှိနေကြပြီး ယနေ့အထိ အာမခံချက်မရရှိဘဲ အမှုရင်ဆိုင်နေကြရ၏။

ဝဲကြီးကျေးရွာသူ အမျိုးသမီးနှစ်ဦး ပါဝင်သော အဆိုပါရွာသား ၁၉ ဦးတို့အား ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု “ပုဒ်မ ၆ ဖြင့် အမှုသုံးမှု ၀တ္တရားနှောင့်ယှက်မှုနှင့် ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၃၃ ဖြင့်တစ်မှု စုစုပေါင်း အမှုလေးမှုတို့ဖြင့် ပုဗသီရိမြို့နယ် ရွေတွင်းကန်းရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးခင်မောင် ဇော်က ရှင်းပြသည်။

ရဲမှူးသန်းဝင်းဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် ၆၀ ဦးတို့အား အဲဒီစက်တင်ဘာ ၁၈ ရက် ညသန်းခေါင်ကျော် အတိအကျပြောရရင် ၁၉ ရက် နံနက်၂ နာရီလောက်မှာ ၀ဲကြီးရွာထဲဝင်ပြီး အိမ်ငါးအိမ်ကို တက်ခဲ့ကြတယ်၊ ပထမနှစ်အိမ်မှာတင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရွာသူတွေလဲ ထဘီအင်္ကျီ အကျွတ်ကျွတ်တွေဖြစ်၊ အော်ကြဟစ်ကြ အကူညီတောင်းကြတော့ ရွာသားတွေ ၀ိုင်းလာကြတယ်၊ ရဲတွေနဲ့ ပဋ္ဋိပက္ခဖြစ်ကြတယ်၊ ရဲတချို့လဲ ဒဏ်ရာရတယ်၊ ဒါကြောင့် ပုဒ်မ ၃၃၃ နဲ့ ရွာသားတွေကို တရားစွဲတာ”ဟု ၎င်းက ပြောသည်။

ထိုပဋိပက္ခများကို စတင်ဖြစ်ပွားစေသည့် အဓိက အကြောင်းရင်းမှာ နေပြည်တော်ရှိ အစိုးရပိုင် သတင်းစာတိုက်နှင့် ပုံနှိပ်တိုက်ပိုင်နယ်မြေ (ယခင်တောင်သူများထံမှ စီမံကိန်းအရ သိမ်းယူခဲ့သော မြေ)ထဲရှိ ယူကလစ်ပင်အချို့ကို ခုတ်လှဲခဲ့သော ၀ဲကြီးရွာကို အင်အားသုံး ၀င်ရောက် စီးနင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ၁၁ ဦးနှင့်အတူ ထိုညက ရွာသူတို့ အော်ဟစ်သဖြင့် ၀င်ရောက်ကူညီခဲ့ကြသည့် ရွာသားတို့ အပါ အ၀င် ၁၉ ဦးတို့သည် စက်တင်ဘာ ၁၈ ရက်နေ့ ပုဗသီရိမြို့နယ် ရွှေတွင်းရဲစခန်းသို့ မိမိတို့ ကိုယ်တိုင် သွားရောက် အဖမ်းခံခဲ့ကြပြီး ယခုအခါ ပျဉ်းမနားရဲစခန်းရှိ အချုပ်ခန်းတွင် အာမခံမရဘဲ အမှုရင်ဆိုင်နေ ရခြင်း ဖြစ်သည်။

ထိုရွာသားတို့က ဤသို့ တာဝန်သိစွာ အဖမ်းခံပြီး အမှုရင်ဆိုင်နေကြချိန်တွင် ထိုညက စီးနင်းဝင်ရောက်ခဲ့သည့် ရဲတို့ကြောင့် ရွာသားအချို့ ထိခိုက်အနာတရဖြစ်ခြင်း နိုင်ငံသားတို့၏ အခြေခံ လူ့အခွင့်အရေးများ ထိပါးနစ်နာစေခြင်းတို့အတွက် ရွာသားတို့က ပြန်လည်တရားစွဲဆိုနိုင်ခွင့် ရရှိရေးကမူ ခက်ခဲလျက်ရှိကြောင်း ရှေ့နေကြီးက ပြောကြားသည်။

Mizzima - News in Burmese

0 comments:

Post a Comment