တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ရက် ညနေ ၆ နာရီတွင် ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဗိုလ်လောင်း တန်းပေါင်းစီကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုး များ နှင့်အတူ ညစာသုံးဆောင်ကြသည်။ ညစာ သုံးဆောင်အပြီးတွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်၊ မြဝတီ တေးဂီတ အဖွဲ့နှင့် အငြိမ့်အဖွဲ့ တို့၏ ဖျော်ဖြေ တင်ဆက် မှုအား ကျောင်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများ နှင့်အတူ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြောင်း သတင်း ရရှိသည်။
မြ၀တီ
0 comments:
Post a Comment