ကမ်းပါးပြိုကျနေသော ကျောက်ရဲကျေးရွာအား တွေ့ရစဉ်
ကမ်းပြိုမှု ဆိုးရွားနေသော ဟင်္သာတမြို့နယ်၊ ကျောက်ရဲကျေးရွာတွင် အလျားပေ
၃၀၀၀ ခန့်ရှိ ရေကာရေ လွှဲတန်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
သိရသည်။
ကျောက်ရဲကျေးရွာ ကမ်းပြိုမှုနှင့် ပတ်သက်၍ "ပဲခူးဘက်က လက်ပံတန်း၊
အိုင်တလုတ်က ရေစီးကြောင်း က နွေကာလ မိုးနှောင်းပိုင်းကစပြီး ကျောက်ရဲ
(အောင်ချမ်းသာ) ရွာဘက်ကို ဦးတိုက်တယ်။ အဲဒီ့နေရာတွေရဲ့မြေက သဲဆန်တဲ့
မြေအမျိုးအစား။ တစ်တောင်ဆစ် အချိုးရေ ဦးတိုက်တဲ့နေရာမှာ ရှိနေတဲ့အတွက်
ရေတိုက်စားတာကို တော်တော်လေး ခံနေရတယ်။ လတ်တလော ကမ်းပြိုမှုတွေ
ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေကလည်း ကိုယ်ထူကိုယ်ထ အင်အားနဲ့
ကာကွယ်လိုတဲ့ အတွက် မြစ်ချောင်းဖြိုးဌာန အနေနဲ့ ကမ်းပြိုမှု အကြီးစား
ကာကွယ်ရေး လုပ်ငန်းမလုပ်ပေး ခင်မှာလည်း ဌာနက ကွင်းဆင်းပြီး လိုအပ်တာတွေကို
အကြုံပြု လမ်းညွှန်ပေါင်းစပ် ဆောင်ရွက်ပေးနေပါတယ်" ဟု ဟင်္သာတ
မြစ်ချောင်းဖြိုး ဦးစီးမှူး ဦးလှသိန်းက ဆိုသည်။
Eleven
0 comments:
Post a Comment