Friday, November 15, 2013

ဗဟန်းမြို့နယ်တွင် လုယက်မှုဖြစ်

၁၄.၁၁.၂၀၁၃ရက်နေ့ ၂၁၄၅အချိန် မနှင်းဝါဖြူ ၊ အဓိပတိဆေးခန်းအကူ၊ (ဘ)ဦးဇော်မင်း၊ တာမွေကြီး(ခ)
ရပ်ကွက်၊ တာမွေမြို့နယ်နေသူသည် အလုပ်လုပ်ကိုင်ရာနေရာမှ အမှတ် (၉၅)၊ အနောက်မြင်းပြိုင် ကွင်းလမ်းထောင့်ရှိ အမှိုက်ပုံသို့ အမှိုက်ပစ်ပြီးပြန်လာစဉ် ဆေးခန်းအနီး အမှတ်(၉၃) တိုက်လှေ ကားရှေ့ အရောက် မျိုးချစ် (ဘ)ဦးဝင်းမြင့်၊ အရိုးကုန်းရပ်ကွက်၊ တာမွေမြို့နယ်နေသူမှ မနှင်းဝါဖြူ၏ လက်ကို ဆွဲ၍လှေကား ဘက်သို့ ဆွဲခေါ်သဖြင့် အော်ဟစ်အကူ အညီတောင်းရန်ကြိုးစားစဉ် မျိုးချစ်မှ မနှင်းဝါဖြူ၏ လည်းပင်းကိုညစ်၍ ပါးစပ်ကိုလက်ဖြင့်ပိတ်ကာ နားရွက်အားကိုက်သဖြင့် မနှင်းဝါဖြူမှ မျိုးချစ်၏ လက်အားပြန် လည်ကိုက်ပြီး ထွက်ပြေးရန်ရုန်းကန်စဉ် လှေကားအတိုင်း အမျိုးသားတစ်ဦးဆင်းလာ သဖြင့် မျိုးချစ်မှ မနှင်းဝါဖြူဆွဲထားသောအလေးချိန် (၁)ကျပ်သား ခန့်ရှိ ရွှေဆွဲကြိုး (၁)ကုံး၊ ကာလတန်ဘိုးငွေကျပ် (၇)သိန်းခန့်အား လုယူထွက်ပြေး သွားခဲ့သောကြောင့် မျိုးချစ်အပေါ် ဗဟန်းမြို့မ ရဲစခန်း(ပ) ၄၃၈/၂၀၁၃၊ ပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment