(၁) HIV
လိင်ကတဆင့် ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ် နည်းတယ်။
ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့
မဟုတ်ပါ။ Latex လေးတက်စ် ကွမ်ဒွန်၊ Polyurethane ပေါ်လီ ယူရီသိန်း ကွမ်ဒွမ်၊
Female condoms အမျိုးသမီးသုံး ကွမ်ွးန်တွေကနေကူးစက်ဘို့ အခွင့်အလမ်းကို
ထိထိ ရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ Cuts
ပြတ်ရှတာ၊ Sores အနာအဆာ ရှိတာ ဆိုရင် ပိုပြီး ကူးစက်လာစေနိုင်တယ်။
Ejaculation သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။ သွားရောဂါအတွက်
ခွဲစိတ်ထားရရင်လဲ ဖြစ်နိုင်တယ်။ တခြား လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ အတူတူ
ဘဲ။ အဓိကကတော့ ပြုလုပ်ပေးသူဖြစ်တယ်။
(၂) Herpes ရေယုံ
Genital herpes လိင်လမ်းရေယုံကို ဖြစ်စေတာက HSV-2 နဲ့
ပါးစပ်-နှုတ်ခမ်းရေယုံကို ဖြစ်စေတာက HSV-1 ဗိုင်းရပ်စ် အမျိုးအစား မတူကြပါ။
ဒါပေမဲ့ ၂ မျိုးလုံးဟာ ပါးစပ်ကို ဆက်ဆံရာမှာ သုံးလို့ နေရာ ၂ ခုလုံးကို
ကူးစက်လာနိုင်တယ်။ ရေယုံဟာ မျက်စိနဲ့ မမြင်ရဘဲလဲ ရှိနေနိုင်တာကို
သတိပြုရပါမယ်။ ကာ ကွယ်တဲ့ အနေနဲ့ Zovirax (acyclovir) ဆေးသုံးရင်
အခွင့်အလမ်းကို နည်းစေပေမဲ့ ရာခိုင်နှုန်းပြည့် မဟုတ် ပါ။ Condoms
ကွမ်ဒွန်ကနေလဲ အပြည့်အဝ မကာကွယ်နိုင်ပါ။ အရေပြားကနေ အရေပြားကို ကူးစက်နိုင်
လို့ဖြစ်ပါတယ်။
(၃) HPV ကြွက်နို့
ကူးစက်နိုင်တယ်။ ခံတွင်းကင်ဆာနဲ့ လည်ချောင်း ကင်ဆာတွေကိုလဲ
ဒီဗိုင်းရပ်စ်ကနေ ဆက်ဖြစ်လာနိုင် တာကို သတိပြုရပါမယ်။ HPV ပိုးဟာ
ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကိုလဲ မွေးဖွါးဖြစ်စဉ် အတွင်းမှာ
ကူးစက်နိုင်တယ်။ Condoms ကွမ်ဒွန်နဲ့ Dental dams သွားတပ်စရာတွေကနေ
ကူးစက်မဲ့ အခွင့်အလမ်း ကို နည်းစေနိုင်တယ်။ ဒါလဲ ရာနှုန်းပြည့်မဟုတ်ပါ။
(၄) Gonorrhea ဂနိုးရီးယား
ကနေ့ကာလမှာ လငယ်လူရွယ်တွေ လည်ချောင်းနာလို့လာရင် ဂနိုးရီးယားပိုးကြောင့်
ဖြစ်နေသူတွေ တိုးလာတယ်။ ကုသရလဲ အတော်ခက်ခဲလှတယ်။ ဆက်ဆံသူနှစ်ဦးမှာ
အပြန်အလှန် ကူးစေတယ်။ Condoms ကွမ်ဒွန်နဲ့ Dental dams သွားတပ်စရာတွေကနေ
ကူးစက်မဲ့ အခွင့်အလမ်းကို ကောင်းကောင်း ကာကွယ် နိုင်တယ်။
(၅) Chlamydia ကလာမိုင်းဒီးယား
ပြုလုပ်ပေးသူကိုရော အပြုခံသူကိုပါ ကူးစေနိုင်တယ်။
(၆) Syphilis ဆစ်ဖလစ်
အလွန် ကူးစက်နိုင်တယ်။ အမေရီးကားမှာ ဆစ်လစ်ဖြစ်သူတွေရဲ့ ၁၅% ဟာ
ပါးစပ်သုံးရာကနေ ကူးတာ ဖြစ်တယ်။ ရောဂါလက္ခဏာတွေ ရှိနေချိန် (အဆင့် ၁ + ၂)
မှာ ကူးစက်တယ်။ သတိပြုဘို့က မနာတဲ့အနာဖြစ်လို့ မသိဘဲ နေတတ်တယ်။
(၇) Hepatitis B ဘီပိုး
သုတေသနတွေ လုပ်ပေမဲ့ အချုပ်ပြောဘို့ မသေခြာသေးပါ။ Oral-anal contact
ပါးစပ်+စမို လမ်းကနေ ဆိုရင်တော့ Hepatitis A ကူးစက်မှာ သေချာတယ်။ Hepatitis
B အတွက်လဲ မကူးဘူးလို့ ပြောမရပါ။ (အေ) ရော (ဘီ) ရောကို ကာကွယ်ဆေး
ထိုးထားနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
By HIM
0 comments:
Post a Comment