ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အာရှတိုက်နေ အမျိုးသားများကို report ထုတ်ပြန်ခဲ့ရာမှာ အမျိုးသား လေးဦးမှာတစ်ဦးဟာ ကာမကျူးလွန် မှုပြုနေကြတယ်လို့ ထုတ်ပြန်ထားပါ တယ်။
လိင်အကြမ်းဖက်မှု ကျူးလွန်သူ တွေထဲက တစ်ဝက်လောက်ဟာ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်ခဲ့တယ် လို့သိရပါတယ်။ အာရှရဲ့ လိင် အကြမ်းဖက်မှု အမြင့်ဆုံးတိုင်းပြည်ကတော့ ပါပူးအာနယူးဂီနီ ( Papua new Guinea )နိုင်ငံဖြစ်ပြီး အမျိုး သား (၁၀)ယောက်မှာ (၆)ယောက် ဟာ တစ်ဖက်အမျိုးသမီးအလိုမတူဘဲ လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ အာရှ အမျိုးသားများရဲ့ ထက်ဝက်ခန့်ဟာ လိင်အကြမ်းဖက်မှုများရော၊ ဇနီး မယားကိုပါ အလိုမတူဘဲ လိင်အလွဲ သုံးစားလုပ်နေကြတယ်လို့ သိရပါ တယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှု ကျူးလွန်သော အမျိုးသားရာခိုင်နှုန်း ( Source – ကမ္ဘာ့ကုလသမဂ္ဂ)
- ပါပူးအာနယူးဂီနီနိုင်ငံ -၆၂%
- အင်ဒိုနီးရှားနိုင်ငံ၊ ပါပူးအာဒေသ – ၄၈.၆ %
- အင်ဒိုနီးရှားမြို့ပြ – ၂၆.၂%
- တရုတ်နိုင်ငံ – ၂၂.၂%
- ကမ္ဘောဒီးယား – ၂၀.၄%
- သီရိလင်္ကာ – ၁၄.၅%
- ဘင်္ဂလားဒေ့ရှ် – ၁၄.၁%
ဖြစ်ပွားမှုနောက်ခံ အချက် အလက်များ
၁။ အမျိုးသားတွေဟာ အဖော်အမျိုး သမီးရဲ့သဘောထားကို မမေးဘဲ ဆက်ဆံနိုင်ခွင့်ရှိတယ်လို့ ယုံကြည်ကြ ပါတယ်။
၂။ အသိဉာဏ်နိမ့်ပါးသူတွေဟာ လိင်အကြမ်းဖက်မှုကို ပျော်ရွင်စရာ ဖျော်ဖြေမှုလို့ ယူဆကြပြီး ပျင်းရိတဲ့ အခါ ကျူးလွန်ကြပါတယ်။
၃။ ကလေးဘ၀က လိင်အကြမ်းဖက် မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုး သားတွေဟာ သူတို့ကိုယ်တိုင် ကျူးလွန်သူဖြစ်လာနိုင်ချေများပါတယ် ။
၎။ ဒေါသနဲ့ ယမကာကြောင့် ဖြစ် ပွားမှုကတော့ ရာခိုင်နှုန်းနည်းပါးပါတယ်။
ဒီလေ့လာမှုစာတမ်းကို The Lancet Global Health မှာ ဖော်ပြထားပါတယ်။
သက်ကို
Ref: Lancet
By Health Updates
0 comments:
Post a Comment