မန်ချက်စတာ ယူနိုက်တက်သည် ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် ရှက်သာဒိုးနက်အသင်းနှင့် ယူကရိန်းမြေမှာသွားရောက်ကစားခဲ့ရာ
တစ်ဖက်တစ်ဂိုးစီသရေကျကာ တစ်မှတ်စီခွဲယူခဲ့ကြသည် ။ မန်ယူနိုက်တက်သည်
ချန်ပီယံလိဂ်မှာ တိုက်စစ်မှူး ၀ိန်း ရွန်းနီ ၊ ဖာဒီနန်တို့ကို
အနားပေးထားပြီး လူစုံနီးပါး ပါဝင်ကစားခဲ့ကြသည် ။ အိမ်ရှင် ရှက်သာဒိုးနက်အသင်းကလည်း ပထမပွဲစဉ်မှာ အနိုင်ရရှိထားသည့် အတွက် မန်ယူနိုက်တက်တို့အတွက်တော့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၇မှတ်တစ်မှတ်သာရယူနိုင်ခဲ့သည် ။
အိမ်ရှင် ယူကရိန်းအသင်း လူစာရင်းမှာတော့ ဂိုးပေါက်ကို ပျာတော့ က
တာဝန်ယူပြီး ၊ နောက်တန်းမှာ စမာ ၊ ကူချာ၊ ရာကုစကိုင်း၊ ရှ်ဗ်ချပ်၊
အလယ်တန်းမှာ ဟက်ရှမန်း ၊ တီဇီ၇ာ ၊ ဖာနန်ဒို ၊ တိုက်စစ်မှာ တိုင်စန် ၊
ကော့စတာ ၊ အဒွီရာနို၊ တို့ဖြင့် ပွဲထွက်လာကာ ၊ ဧည့်သည် မန်ယူနိုက်တက်ကတော့
ဂိုးပေါက်ကို ဒီဂီအာ ၊ နောက်တန်းမှာ ဗီဒစ် ၊ စမောလင်းကို အထိုင်ချကာ ၊
အီဗရာ ၊ ရာဖေး ၊ ကွင်းလယ်မှာ ဖယ်လိုင်နီ ၊ ကာရစ် ၊ကလီဗာလေ ၊ ဗလန်စီယာ ၊
တိုက်စစ်မှာ ဗန်ပါစီ ၊ ၀ဲဘက်ခ် တို့ဖြင့် ကစားကွက် ခင်းကျင်းခဲ့သည် ။
အိမ်ရှင်ဖြစ်တဲ့ ယူကရိန်းအသင်းက အိမ်ကွင်းမှာဖြစ်တာနှင့်အညီ
မန်ယူနိုက်တက်ဘက်သို့ မကြာခဏထိုးဖောက်သည် ။ များသောအားဖြင့်
အီဗရာဝင်းဘက်မှ ဘောလုံးထိုးဖောက်မှုကို မကြာ ခဏပြုလုပ်ခဲ့သည် ။
မန်ယူနိုက်တက်သည် ကွင်းလယ်ကို အသားပေးထားသည့်အတွက် ကစားကွက်မှာ
မကောင်းပေမယ့် ရှက်သာဒိုးနက်၏ ထိုးဖောက်မှုကို ကွင်းလယ်မှ
ဖြတ်တောက်ထားနိုင်ခဲ့သည် ။ သို့ပေမယ့် မန်ယူနိုက်တက်သည်
တိုက်စစ်ပိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် မစွမ်းဆောင်နိုင် ခဲ့တာကြောင
့် ဂိုး၇ရှိဖို့ ရုန်းကန်ခဲ့ရသည် ။ အိမ်ရှင်တို့ ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြစ်ပေမယ့် မန်ယူနိုက်တက်နောက်တန်းများ
၏
ဖြတ်တောက်မှုကြောင့် တိုက်စစ်မှာ တိုင်စန် ၊ အဒွီရာနိုတို့ ရုန်းကန်အားက
မန်ယူဂိုးပေါက်သို့ ကောင်းကောင်း ခြမ်းခြောက်နိုင်ခြင်းမရှိေ
ပ ။
မန်ယူနိုက်တက်သည် ကလီဗာလေ၏ ကွင်းလယ်မှ ဖြတ်တင်ဘောကို
ဗန်ပါစီထံတင်ပို့ပေးပြီး ဂိုးရယူဖို့ ကြိုးစားသော်လည်း နောက်တန်းများ၏
လူကပ်ကစားပုံကောင်းတာကြောင်
့
ဗန်ပါစီလည်း လှုပ်မရဖြစ်နေခဲ့သည် ။ သို့သော်လည်း ပွဲချိန် ၁၈ မိနစ်မှာ
၇ှက်သာဒိုးနက် နောက်တန်း၏ ဖျက်ထုတ်မှု မသေချာခဲ့တာကြောင့်
မန်ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်၇ရှိခဲ့သည် ။ ကွင်းလယ်သမား ဖယ်လိုင်နီ၏
ဂိုးရှေ့ဖြတ်ပေးတာကို နောက်တန်းက ဖျက်ထုတ်လိုက်ပေမယ့်
သေချာမှုမရှိတာကြောင့် ၀ဲဘက်ခ်က အသာအယာပင် သွင်းယူခဲ့ခြင်းဖြစ်သည် ။
တစ်၈ိုးပေးရသည့် နောက်မှာတော့ အိမ်ရှင်က ချေပဂိုး ရရှိရန် တိုက်စစ်ကို
မြှင့်တင်ကစားခဲ့သည် ။
တိုက်စစ်မြှင့်တင်လာတာနှင့်
အမျှ
မန်ယူနိုက်တက် နောက်တန်းတွေလည်း အလုပ်များခဲ့ရသည် ။ ဒုတိယပိုင်း ၆၆
မိနစ်မှာတော့ မန်ယူနိုက်တက်အသင်းက ကွင်းလယ်လူ ဖယ်လိုင်နီနေရာကို
ရွိုင်ယန်ဂစ်ဖြင့် အစားထိုးကစားစေခဲ့သည် ။ ဂစ် ၀င်လာပြီးနောက်မှာ
မန်ယူနိုက်တက်၏ ကွင်းလယ် ကစားဟန် ယိမ်းယိုင်မှုနှင့်အတူ ရှက်သာဒိုးနက်၏
ချေပဂိုးသွင်းယူမှုကို ခံခဲ့ရသည် ။ အဲဒိဂိုးကတော့ ခံစစ်မှုး ဗိဒစ်၏
ဖျက်ထုတ်မှု မသေသပ်တာကြောင့် နာမည်ကျော် ကစားသမား တိုင်စန်က
အပြင်းကန်ထည့်ပြီး ချေပဂိုး ရယူသွားနိုင်ခဲ့သည် ။ ပွဲပြီးဆုံးသည်အထိ
တစ်ဖက်တစ်ဂိုးဖြင့် သရေကျခဲ့ တာကြောင့် အုပ်စု A ဇယားမှာ မန်ယူက ထိပ်ဆုံးမှ
ဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေပြီး ၊ ရှက်သာဒိုးနက်ကတော့ ဒုတိယနေရာမှာ
ရပ်တည်လျက်ရှိသည် ။
Written by သန့် ဇော်
Football Café
0 comments:
Post a Comment