ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်
ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီး သွားရင်း
မိတ်ဆွေအိမ် ဝင်ရောက်တည်း ခိုသူအမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံ က
မြစ်ကမ်းနံဘေး သို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့
ပစ်ချခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးက ပြောကြားသည်။
ယင်းနေ့ညက
လုယက်ခံရသူ ဒေါ်ငုဝါကို မြစ်ကမ်းဘေးတွင် အိမ်ရှင်အမျိုးသမီးက
ချုပ်နှောင်ပြီး အမျိုးသား က လည်ပင်းညှစ်ကာ ဆွဲကြိုး၊ နားကပ်၊
လက်စွပ်တို့ဖြုတ်ယူ၍ လူကို စောင်ဖြင့်ပတ်ကာ ဧရာဝတီမြစ်တွင်း ပစ်ချခြင်း
ဖြစ်ကြောင်း ဒေါ်ငုဝါက ပြောဆိုသည်။
မြစ်ထဲသို့ပစ်ချခံရစဉ် သတိလစ်ခြင်းမရှိဘဲ ရေစီးအတိုင်း မျောပါပြီး သမန်းကုန်းရွာအရောက် ကမ်းပေါ်သို့ တက်၍ နီးစပ်ရာအိမ်တွင်အကူအညီတောင်းကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြ သည်။
သံသယရှိသူ ဇနီးမောင်နှံနှစ်ဦးကို(ပ) ၁၂၄/၂၀၁၃ ပုဒ်မ ၃၉၄ လုယက်မှုဖြင့် အရေးယူထားကြောင်း ဇလွန် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

0 comments:
Post a Comment