မြန်မာ နိုင်ငံရှိ နိုင်ငံခြားသံရုံး များတွင် တာဝန်ထမ်းဆောင်နေကြ သော သံအမတ်များ၏ သွားလာရေး ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သီးသန့် လုံခြုံရေးပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦး က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်း စာသို့ ထုတ်ဖော် ပြောကြား လိုက်သည်။
ယင်းကဲ့သို့ လုံခြုံရေးပေးရာတွင် သက်ဆိုင်ရာသံရုံးမှတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်း များသို့ အကြောင်း ကြားရမည်ဖြစ်ပြီး ရဲတပ်ရင်းများမှ တပ်ဖွဲ့ဝင်များက လူအင်အား၊ လက်နက် အင်အား အပြည့်အစုံဖြင့် တာဝန်ယူကာ စောင့်ကြပ်လိုက် ပါမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အ ဆင့်မြင့်အရာရှိတစ်ဦးက ''အခုဆို အစ္စရေးသံအမတ်ကြီး လာတတ်တယ်။ ဒီတော့သံရုံးက ကျွန်တော် တို့ဘက်ကို သံအမတ်ကြီးလုံခြုံ ရေးအတွက် ဆောင်ရွက် ပေးပါဦးလို့ပြောတာ နဲ့ ရဲတပ်ရင်းနဲ့ လာ ပြီးစောင့် တာ။ ဘယ်သံရုံးကိုမဆို မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်လိုနိုင်ငံ ခြားသံအမတ်ကိုမဆို လုံခြုံရေးအတွက် အကူ အညီ လိုရင်ပေးပါ တယ်''ဟု ပြောသည်။
အစ္စရေးသံရုံးလုံခြုံရေးကို ဆောင်ရွက်နေသူတစ်ဦးက ''ကျွန် တော်တို့က သံရုံး၊ သံအမတ်လုံ ခြုံရေး အတွက် ရဲတပ်ရင်းကတပ်ဖွဲ့ ဝင်တွေနဲ့အတူ ပူးပေါင်းဆောင် ရွက်နေပါတယ်''ဟု ပြောသည်။
Yangon Media Group
0 comments:
Post a Comment