ဒီကမ္ဘာပေါ်မှာ ချစ်သူစုံတွဲတွေ အများအပြားရှိကြပေမဲ့ တစ်တွဲနဲ့တစ်တွဲ
ထပ်တူမကျကြပါဘူး... ပတ်ဝန်း ကျင်အခြေအနေ... လိုအင်ဆန္ဒ...
တစ်ဦးအပေါ်တစ်ဦးထားတဲ့ သဘောထား... ချစ်ခင်နှစ်သက်မှု အတိုင်းအတာ စတာတွေက
အမျိုးမျိုးကွာခြားကြပါတယ်... အဲ့ဒီလိုမတူညီတဲ့အချစ်တွေကို အကြမ်းဖျဉ်း
အားဖြင့် အုပ်စုလေးတွေခွဲခြားသတ်မှတ်ထားကြပါတယ်... အခု
အဲ့ဒီအချစ်အမျိုးအစားလေးတွေအကြောင်း လေ့လာလိုက်ကြရအောင်...
♫ Eros (ဂန္ထဝင်အချစ်)
ဒီပုံစံအချစ်မျိုးဟာ ကြည်နူးသာယာဖွယ်ရာ ချစ်မေတ္တာသံယောဇဉ်တွေကနေ
စတင်ဖြစ်ပေါ်လာတဲ့ အချစ် မျိုးဖြစ်ပါတယ်... ဟောလိဝုဒ်က
အချစ်ရုပ်ရှင်ဇာတ်လမ်းတွေမှာ တွေ့နေကြအချစ်ပုံစံမျိုးလည်း ဖြစ်ပါတယ်...
မြင်မြင်ချင်းချစ်တဲ့ အချစ်မျိုးလို့လည်း ဒီအချစ်အမျိုးအစားကို
သတ်မှတ်ထားကြပါတယ်... လူတစ်ယောက်နဲ့တစ်ယောက်ကြားထဲက
စိတ်ချင်းဆက်နွယ်မှုအပေါ်အခြေခံတဲ့အချစ်မျိုးဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်
ကိုယ်ရောစိတ်ပါ မခွဲနိုင်အောင်ချစ်တဲ့အချစ်မျိုးလည်း ဖြစ်ပါတယ်...
♫ Ludos (ရှင်ဘုရင်အချစ်)
ဒီပုံစံအချစ်မျိုးကတော့ အောင်မြင်မှု.. ရယူပိုင်ဆိုင်မှုအပေါ်မှာ
အခြေခံတဲ့အချစ်မျိုးဖြစ်ပါတယ်... ကစားပွဲ တစ်ခုမှာကစားသလိုမျိုး အချစ်ကို
အနိုင်ရယူကစားချင်တဲ့သူတွေရဲ့ အချစ်မျိုးဖြစ်ပါတယ်... များသော အားဖြင့်
တစ်ယောက်ထက်ပိုတဲ့ ချစ်သူရည်းစားတွေရှိတတ်ပြီး ကိုယ့်စိတ်သာယာမှုအတွက်
ချစ်တဲ့ အချစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်...
ချစ်သူတစ်ယောက်နဲ့တွေ့တဲ့အချိန်အတွင်းမှာ ရနိုင်သမျှသာယာမှုတွေ ရယူဖို့ကိုပဲ
ဦးတည်တတ်ကြပါတယ်... ဒါကြောင့် ဒီလိုအချစ်မျိုးနဲ့ ချစ်ကြသူတွေဟာ
ချစ်သက်တမ်းတိုတိုနဲ့ လမ်းခွဲကြရတာများပါတယ်...
♫ Storge (လက်တွဲဖော်အချစ်)
ဒီပုံစံအချစ်မျိုးကတော့ မိတ်ဆွေသူငယ်ချင်းသံယောဇဉ်အပေါ်မှာ အခြေခံပါတယ်...
ဒီအချစ်မျိုးဟာ မိတ်ဆွေသူငယ်ချင်းဘဝကနေ တဖြည်းဖြည်းနဲ့
ကြီးထွားရစ်ပတ်လာတဲ့အချစ်မျိုးဖြစ်ပါတယ်... များသောအားဖြင့်
ဝါသနာစရိုက်တူညီမှုနဲ့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်အားပေးကူညီမှု..
ဝတ္တရားကျေပွန်မှုတွေအပေါ်မှာ အခြေခံလာတာဖြစ်ပါတယ်... ရမ္မက်စိတ်မျိုးကြောင့်
ဖြစ်လာတဲ့အချစ်မျိုးလည်းမဟုတ်ပါဘူး...
♫ Pragma (လက်တွေ့အချစ်)
ဒီအချစ်မျိုးကတော့ လက်တွေ့အခြေအနေအပေါ်မှာ အခြေခံဖြစ်တည်လာတဲ့
အချစ်မျိုးဖြစ်ပါတယ်... ရှင်ဘုရင်အချစ်နဲ့ လက်တွဲဖော်အချစ်တို့
ပေါင်းထားတဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်... ဒီအချစ်မျိုးဟာ အလွန်
လက်တွေ့ကျပြီး ဘဝဆန်ပါတယ်... ဒီအချစ်မျိုးနဲ့ချစ်တတ်တဲ့သူတွေဟာ
သူတို့ရဲ့ချစ်သူကို ရွေးချယ်ရာမှာ ဈေးတွက်တွက်ပြီးရွေးချယ်တတ်ကြပါတယ်...
သူတို့ဘဝရဲ့ရည်မှန်းချက်ကို အတူမျှဝေ လုပ်ဆောင်နိုင် မယ့်သူမျိုးကိုမှ
ရွေးချယ်ပြီးချစ်တတ်ကြတဲ့ အချစ်မျိုးဖြစ်ပါတယ်...
♫ Mania (အရူးအမူးအချစ်)
ဒီအချစ်မျိုးကတော့ စွဲလမ်းမှုအပေါ်အခြေခံတဲ့ အချစ်မျိုးဖြစ်ပါတယ်...
ဂန္ထဝင်အချစ်နဲ့ ရှင်ဘုရင်အချစ်တို့
တွဲဖက်ထားတဲ့ပုံစံမျိုးလို့ဆိုနိုင်ပါတယ်... ဒီအချစ်မျိုးဟာ
ကိုယ့်ကိုယ်အထင်ကြီးမှု လျော့ပါးကျဆင်း နေတဲ့ သူတွေက တခြားတစ်ယောက်အပေါ်
ချစ်ခြင်းမေတ္တာတွေပုံအောပြီး ချစ်ချင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်
မျိုးဖြစ်ပါတယ်... ဒီလိုအချစ်သမားတွေဟာ မနာလွန်ဝန်တိုမှုအလွန်များပြီး
တစ်ဦးထဲမောင်ပိုင် စီးချင်တတ်ကြပါတယ်...
♫ Agape (အံ့ချီးဖွယ်အချစ်)
ဒီပုံစံအချစ်မျိုးဟာ တစ်ကိုယ်ကောင်းစိတ် အတ္တစိတ်ကင်းမဲ့မှုအပေါ်မှာ
အခြေပြုပါတယ်... ဂန္ထဝင်အချစ်နဲ့ လက်တွဲဖော်အချစ်တို့ ပေါင်းစပ်တွဲဖက်ထားတဲ့
ပုံစံမျိုးဖြစ်ပါတယ်... ဒီလိုအချစ်နဲ့ချစ်တတ်သူတွေဟာ သူတို့ ချစ်သူအတွက်
အရာရာကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူး... ခိုင်မြဲတဲ့ သစ္စာမေတ္တာတရားနဲ့
အတ္တအကြွင်းမဲ့ကင်းတဲ့ အချစ်မျိုးဖြစ်ပါတယ်...
နှိုင်းရင့်နွေ
0 comments:
Post a Comment