မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနေခြင်းကြောင့် စစ်တောင်းမြစ်၊
သံလွင်မြစ်နှင့် ငဝန်မြစ်ရေ တို့သည် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်
ရောက်ရှိနေကြောင်း သြဂုတ်လ ၂၅ ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု
ဦးစီးဌာနက သတိပေး ကြေညာချက် ထုတ်ပြန်သည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့က စတင်၍ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေရာ သြဂုတ်လ ၂၅ ရက်နေ့ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ၂ ပေခန့် ကျော်လွန် ရောက်ရှိနေကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
အလားတူ သံလွင်မြစ်နှင့် ငဝန်မြစ်ရေသည် နောက် သုံးရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ်လ ၂၅ ရက်နေ့ တွင် တိုင်းထွာ ခန့်မှန်းထားသည်။
“မြစ်ရေတက်လာတော့ အနိမ့်ပိုင်းရွာတွေမှာ ရေမြုပ်တာခါးလောက် ရှိတယ်” ဟု ဧရာဝတီ တိုင်း ဒေသကြီး ငါးသိုင်းချောင်း မြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် ရေကြီး နစ်မြုပ်မှုကြောင့် ကူညီ ထောက်ပံ့ မှုများ ပေးရန် စီစဉ်နေသည့် လူငယ် ပရဟိတအဖွဲ့မှ ဦးထွန်းလွင်ဦးက ပြောကြားသည်။
ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ရာ ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်များအနေဖြင့် ဂရုပြုရန်လိုအပ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း သြဂုတ်လတတိယအပတ်ကစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ များ မြင့်တက်လာမှုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန် တိုင်းဒေသကြီး အတွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ
The Voice
0 comments:
Post a Comment