အစာငတ်ခံ ဆန္ဒပြနေသော ဆရာတော်ဘဒ္ဒန္တ ရက္ခ၀ံသအား သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ယခုလ ၈ ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင်
နိုင်ငံအတွင်း ဖမ်းဆီးထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံးကို
နိုင်ငံတော်အစိုးရမှ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
ရန်အောင်မြေကျောင်းတိုက်၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်
နာယကဆရာတော် ဘဒ္ဒန္တရက္ခ၀ံသမှ သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့
မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ရက် အကန့်သတ်မရှိ အစာငတ်ခံဆန္ဒပြ တောင်းဆိုခဲ့သည်။
"ရှစ်လေးလုံး ငွေရတုနေ့မှာ အစိုးရနေနဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေး
အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဦးဇင်းအနေနဲ့က
နိုင်ငံရေး အကျဉ်းသားတွေအားလုံး မလွှတ်မချင်း ရက်အကန့်သတ် မရှိ အစာငတ်ခံ
ဆန္ဒပြသွားမှာပါ" ဟု ဆရာတော် ဘဒ္ဒန္တရက္ခ၀ံသက သြဂုတ် ၃ ရက် နံနက်ပိုင်းတွင်
မိန့်ကြားခဲ့သည်။ ဆန္ဒပြရာတွင် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့် မတင်ခြင်း
အကြောင်းရင်းမှာ ဆရာတော် အနေဖြင့် နေရာမရွေ့ခြင်း၊ စီတန်းလှည့်လည်တာတို့
ပြုလုပ်တာ မဟုတ်တဲ့အတွက် ခွင့်ပြုမိန့် မတင်ခြင်းဖြစ်ကြောင်း သိရသည်။
EMG
0 comments:
Post a Comment