Thursday, August 1, 2013

AFC Cup ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ခြင်းကြောင့် ကျေနပ်မိဟုနေပြည်တော်အသင်း စီအီးအို ဦးဝင်းထူးအောင်ကဆို

နေပြည်တော်အသင်းအနေဖြင့် မြန်မာနေရှင် နယ်လိဂ်ပွဲစဉ်(၂၁)တွင် ဇေယျာ ရွှေမြေအသင်းနှင့် သရေကျ ခဲ့ခြင်း ကြောင့် ချန်ပီယံဆုနှင့်လွဲခဲ့ရသော် လည်းAFC Cup ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ခြင်းကြောင့် ကျေနပ် မိကြောင်း နှင့်လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် AFC Cup ပွဲစဉ်များအား နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပခွင့်ရရှိစေရန်အတွက် အားကစားဝန်ကြီးဌာနထံ တောင်း ဆိုသွား မည်ဖြစ်ကြောင်း အသင်း စီအီးအို ဦးဝင်းထူးအောင်က ပြော ကြားခဲ့သည်။

ယင်းက ''ကျွန်တော်တို့အ နေနဲ့ ဒီနှစ်မှာချန်ပီယံမဖြစ်ခဲ့ပေ မယ့် ကျွန်တော်တို့ရဲ့ရည်ရွယ်ချက် ဖြစ်တဲ့ အဆင့်(၃)အတွင်းဝင်နိုင် ခဲ့လို့ ကျေနပ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အလွန်ကစားချင်တဲ့ င်္ဗဃ ဃကစ ပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဟာ အောင် မြင်မှုတစ်ခုပါပဲ။ ရန်ကုန်နဲ့ ကစား ရမယ့် နောက်ဆုံး ပွဲစဉ်ကို ဝဏ္ဏသိ ဒ္ဓိကွင်းမှာကစားခဲ့ရသလို လာမယ့် ရာသီမှာ ကစားရမယ့်AFC Cup ပွဲစဉ်တွေကိုလဲ ဒီကွင်းမှာ ကစားခွင့်ရရှိခဲ့မယ်ဆိုရင် ဝမ်းသာမိမှာ ပါ။ ဒီကွင်းကို လက်ရှိအချိန်မှာ အားကစားဝန်ကြီးဌာန က ပိုင်တဲ့ ကွင်းဖြစ်ပါတယ်။ လာမယ့်ရာသီ မှာ အားကစားဝန်ကြီးဌာနထံကို တောင်းဆိုသွားမှာပါ''ဟုပြော သည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း သည် ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲများ၊ ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် အမျိုး သား ဘောလုံး ပြိုင်ပွဲ၏ တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲများအားကျင်းပမည့် ပရိသတ် ၃ဝဝဝဝဆံ့ ကွင်း တစ်ကွင်းဖြစ်ကြောင်း သိရသည်။

ညီမိုဃ်း
Yangon Media Group

0 comments:

Post a Comment