ထိပ်တန်း Android စမတ်ဖုန်းများအား ယှဉ်ပြိုင်နိုင်ဖွယ် ရှိနေသည့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီ Lenovo ၏ အဆင့်မြင့်ဟန်းဆက် ဈေးကွက်တွင်း ရောက်လာပြီ။
စမတ်ဖုန်းလောကတွင် အသစ်ဖြစ်နေသေးသည့် Lenovo ၏ K900 ဟု အမည်ပေးထားသည့် အဆိုပါ ဟန်းဆက်သည် ၅.၅ လက်မအရွယ် မျက်နှာပြင် ပါရှိမည်ဖြစ်ပြီး အထူးလျင်မြန်သည့် Intel ၏ အသစ်စက်စက် 2.0 GHz dule-core Atom Z2580 ပရော်ဆက်ဆာ တပ်ဆင်ပေးထားသည်။
K900 ၏ မျက်နှာပြင် ပုံထွက်မှာ 1080p Full-HD ရရှိမည်ဖြစ်ပြီး 13MP နောက်ကျောပြင် ကင်မရာလည်း ပါရှိမည်ဖြစ်သည်။
ဖုန်းကိုယ်ထည်မှာ စတီးလ်အလွိုင်းနှင့် ပိုလီကာဗွန်နိတ်တို့ ပေါင်းစပ်ဖန်တီးထားပြီး ၆.၉ မီလီမီတာသာ ထူမည်ဖြစ်သည်။
Android 4.2 Jelly Bean ဖြင့် ထုတ်လုပ်ထားသည့် K900 သည် လက်ရှိအချိန်၌ တရုတ်နိုင်ငံ ဈေးကွက်အတွင်းသို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး အာရှနှင့် ဥရောပ ဈေးကွက်များအတွင်းသို့ မကြာမီ ဆက်လက်ရောက်ရှိဖွယ် ရှိနေသည်။
ဈေးနှုန်းမှားမူ အခြားသော စူပါစမတ်ဖုန်းများထက် အနည်းငယ် သက်သာပြီး ဒေါ်လာ ၅၃၀ ခန့် ကျသင့်မည်ဖြစ်သည်။
Myanmar Consumer Guide

0 comments:
Post a Comment