Monday, May 27, 2013

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေပြီး မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးနေပါတယ်။

 (၂၇-၅-၂၀၁၃)ရက်နေ့၊ နံနက် ၀၈း၁၅ နာရီ စင်္ကာပူစံတော်ချိန်။

ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သု့လေ လုံး၀၀င်ရောက်ပြီးပြိဆိုတော့ မုတ်သုံရဲ့ features တွေ စပြီပေါ့။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေပြီး နောက်(၄၈)နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်လာဖို့ အလားအလာ ၁၀% လောက်ရှိနေပါတယ်။ ဒါဟာ ရိုးရိုး ပုံမှန် မုတ်သုံလေကာလမှာ ဖြစ်လေ့ရှိတဲ့သဘာဝတစ်ခုသာဖြစ်ပြီး၊ ဖြစ်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခု ဖြစ်လာတဲ့တိုင်အောင် အားကောင်းတဲ့ မုန်တိုင်းတစ်ခု ဖြစ်မလာနိုင်တဲ့အပြင် မြန်မာနိုင်ငံကမ်းရိုးတန်းကိုလည်း လုံးဝမဖြတ်နိုင်တဲ့ မုန်တိုင်းသာဖြစ်ပါလိမ့်မယ်။
အေးဆေပါ။

အဲ..မုတ်သုံလေကိုတော့ အားကောင်းစေနိုင်တဲ့အတွက် မြန်မာပြည်အတွက် ပတ်သက်လာနိုင်တဲ့ ရာသီဥတုတွေကတော့ မိုးပိုလာခြင်း နဲ့ ပင်လယ်ပြင်မှာ လှိုင်းကြီးစေနိုင်ြခင်းဘဲ ဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ် နဲ့ ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှို်းအမြင့် ၁၀ ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်တဲ့အတွက် လှို်င်းကြီးနိုင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ သွားလာကြ မယ့်ရေယာဉ်တွေ နဲ့ ကမ်းလွန်ဒေသ လုပ်ငန်းခွင်ဝင်နေကြတဲ့သူတွေ အထူးသတိထားဖို့ လိုပါ့မယ်။

မေလ(၂၇-၂၈)ရက်နေ့များမှာတော့ ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းးအနောက်ခြမ်းတလျှောက် မိုးကြီးနိုင်ပါတယ်။

ရန်ကုန်တိုင်းတောင်ပိုင်းမှာလည်း ရေဖုံးလွှမ်းနိုငတဲ့အခြေအနေတွေ ရှိနေတယ်လို့ နာဆာရဲ့ ဂြိုဟ်တု တိုင်းတာချက်တွေက ဖေါ်ပြထားတာကိုလည်း သတိထားဖို့ လိုပါလိမ့်မယ်။

ဒေါ်က်တာထွန်းလွင်

0 comments:

Post a Comment