Wednesday, May 22, 2013

နေပြည်တော် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှထောက်ပံ့ကြေးငွေ တစ်ထောင်ကျပ်မရရှိသော သ(၀၂၉-၁) ၀န်ထမ်းငယ်များ၏ရင်ဖွင့်လွှာ

နေပြည်တော် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှထောက်ပံ့ကြေးငွေ တစ်ထောင်ကျပ်မရရှိသော သ(၀၂၉-၁) ၀န်ထမ်းငယ်များ၏ရင်ဖွင့်လွှာ

နိုင်ငံတော်သမ္မတကြီးနှင့် ဆက်သွယ်ရေးနှင့်သတင်း အချက် လက်နည်းပညာဝန်ကြီး တို့အားသိစေ ချင်ပါသည်

ကျွန်တော်/ကျွန်မတို့သည် ဆက်သွယ်ရေးနှင့်သ တင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမြန်မာ့ဆက် သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော သ(၀၂၉-၁) နေ့စားဝန်ထမ်းများဖြစ်ကြပါသည်။ ကျွန်တော် /ကျွန်မတို့သည် နေ့စားဝန်ထမ်းများဖြစ်သည့်အတွက် တစ်ရက်လျှင် လစာငွေကျပ် (၁၁၀၀)ကျပ် ရရှိပါသည်။

နိုင်ငံတော်သမ္မတကြီးမှယခုနှစ်(၂၀၁၃)ဧပြီလမှ စတင်ပြီးအရာထမ်းဝန် ထမ်းများအားလစာငွေ ကျပ်(၂၀၀၀၀)ကျပ် တိုးမြှင့်ပေးပြီး၊နေ့စားဝန်ထမ်း များအားတစ်ရက်လျှင်(၁၁၀၀+၆၀၀)ကျပ် ၊စုစုပေါင်း တစ်ရက်လျှင်(၁၇၀၀)ကျပ်တိုးမြှင့် ပေးခဲ့ပါသည်။ယခင်နှစ်(၂၀၁၂) ဧပြီလတွင်နိုင်ငံတော်သမ္မတ မှ ထောက်ပံ့ကြေးငွေ အဖြစ်အရာထမ်း ၀န်ထမ်းများ အား ထောက်ပံ့ကြေးငွေ(၃၀၀၀၀) ကျပ်ထောက်ပံ့ပေး ရန် နှင့်တစ်ရက်လျှင်(၁၁၀၀) ကျပ်ရရှိသောနေ့စား ၀န်ထမ်း များအား (၁၁၀၀+၁၀၀၀)ကျပ်ထောက် ပံ့ပေးရန်သတ်မှတ်ခဲ့ကြောင်း သတင်းစာများ၊ ရုပ်မြင်သံကြားများနှင့် တခြား သောအသံလွှင့်ဌာ နများတွင်တရားဝင်ကြောညာခဲ့သည်မှာအားလုံးသိရှိပြီးဖြစ်ပါလိမ့်မည်။

သို့ပါသော်လည်းဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော နေ့စားဝန်ထမ်းများအနက်သ(၀၂၉-၁)နေ့စားများမှာထောက် ပံ့ကြေးငွေ တစ်ရက် လျှင်(၁၀၀၀)ကျပ်မရရှိသည်မှာ (၃၀.၄.၂၀၁၃)တွင်(၁)နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ထို သ(၀၂၉-၁)နေ့စားများတွင် ပညာအရည်ချင်းအနေဖြင့် BE ဘွဲ့ ရရှိထားသော နေ့စားများလည်းပါဝင်ပါသည်။ ထိုသို့ခံစားခွင့်မရှိခြင်းကို အထက်လူကြီးများသိရှိကြသော်လည်း မည် သို့မျှဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု သိရှိရပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင်နေ့စားဝန်ထမ်းအားသ(၀၂၉-၁) နှင့်သ(၀၂၉-၃)ဟုနှစ်မျိုးခွဲခြားထားပါသည်။ မိမိတို့ထောက်ပံ့ကြေးငွေတစ်ရက်လျှင်(၁၀၀၀)ကျပ်မရရှိခြင်းမှာ အထက် လူကြီးများ၏ပြောစကားအရသ(၀၂၉-၁)ဖြစ်သည့်အတွက်မရရှိခြင်းဖြစ် သည်ဟုဆိုပါသည်။ ထိုစကားသည်လည်းတစ် ဆင့်စကားတစ်ဆင့်နားဆိုသကဲ့သို့ တိကျသေချာသော ရှင်းလင်းချက်မဟုတ်ပဲ ပြောစကားသပ်သပ်သာ ဖြစ်ပါသည်။ အခြားသောဝန်ကြီးဌာနများတွင်သ(၀၂၉-၁)/သ(၀၂၉-၃)ဟုခွဲခြားထားခြင်းမျိုးမရှိပါ။တစ်ရက်(၁၁၀၀)ရရှိသော နေ့စား ၀န်ထမ်းများအားလုံး တန်းတူ ထောက်ပံ့ကြေးငွေတစ်ရက်လျှင်(၁၀၀၀)ကျပ်ရရှိကြပါသည်။ မိမိတို့ဝန်ကြီးဌာနရှိ သ(၀၂၉-၃)န့စားများသည်လည်း တစ်ရက်လျှင်လစာငွေကျပ်(၁၁၀၀)ရရှိပါသည်။ ထိုနေ့စားဝန်ထမ်းများသည် ယခင်နှစ်နိုင်ငံတော်သမ္မတ၏ထောက်ပံ့ကြေးငွေတစ်ရက်(၁၀၀၀)ကျပ်ရရှိသည့်အပြင်ယခုနှစ်တိုးမြှင့်လစာ ငွေကျပ် တစ်ရက်လျှင်(၆၀၀)ကျပ်ရရှိပါ သည်။ မိမိတို့သည်လည်းတစ်ရက် (၁၁၀၀) ကျပ်ရရှိပါသော်လည်း ယခင်နှစ်တွင်နိုင်ငံတော်သမ္မတကြီးပေးသော ထောက်ပံ့ကြေးငွေတစ်ရက်လျှင်(၁၀၀၀)ကျပ်မရရှိပါ။နိုင်ငံတော်သမ္မတကြီးကယခုနှစ်(၂၀၁၃)ဧပြီလမှစတင်ပြီးတိုးမြှင့် လစာငွေ အပြင်ယခင်နှစ်(၂၀၁၂)ဧပြီလတွင်ထောက်ပံ့ပေးခဲ့သော ထောက်ပံ့ကြေး ငွေများကိုလည်း ဆက်လက် ခံစားခွင့်ရှိကြောင်း ကိုလည်းတရားဝင်သတ်မှတ်ပေးခဲ့ပါသည်။ သို့ပါသော်လည်းမိမိတို့သည်ယခုနှစ်(၂၀၁၃)ဧပြီလ၏ တိုးမြှင့်လစာငွေတစ်ရက် လုပ်အားခ(၁၁၀၀+၆၀၀) သာရ ရှိပါသည်။ မိမိတို့သည် အနယ်နယ်အရပ်ရပ်မှ လာရောက် တာဝန်ထမ်း ဆောင်နေ ရသော အောက်ခြေလခစားဝန်ထမ်းများဖြစ်ပါသည်။ မိဘများနှင့်ခွဲခွာပြီး နိုင်ငံတော်၏ တာ ၀န်တစ်စိတ်တပိုင်းအား ကြရာနေရာမှမိမိတို့တတ်စွမ်းသမျှဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်နေ ကြခြင်းဖြစ်ပါသည်။ မိမိတို့အောက်ခြေ ၀န်ထမ်းများ၏ဘ၀သည် တရားဝင်ဝန်ထမ်းဖြစ်မည့် အခွင့်ရေးသည်လည်း မည်သည့်အချိန် ထိ စောင့်ရမည်မှာ သေချာရေ ရာခြင်းမရှိပါ။လက်ရှိ လုပ်နေသောနေ့စားအလုပ်မှနှုတ်ထွက်လျှင်လည်း မိမိတို့ ပေးဆပ်ခဲ့ ရသော လုပ်သက်နှစ်အတိုင်းတာအားတွက်ကြည့်ပြီး ထွက်ပစ်ဖို့မဖြစ်နိုင် ဖြစ်နေရပါသည်။ မိမိတို့ အောက်ခြေ၀န်ထမ်းများမှာ ဆုပ်လည်းဆူး စားလည်းရူး အနေအထားသို့ရောက်မှန်းမသိ ရောက်နေရပါသည်။ ရပ်ဝေး မှလာရောက်တာဝန်ထမ်းဆောင်နေရသောဝန်ထမ်းများပါဝင်သောကြောင့် နေထိုင်စားသောက်ရေးအတွက်အခက်ခဲ ပေါင်းများစွာကိုကြုံ့တွေ့နေရပါသည်။ သို့ပါသော်လည်း နိုင်ငံတော်သမ္မတကြီး၏ ၀န်ထမ်းများအပေါ် ငဲ့ညှာသော စေတနာ ဖြင့် ထောက်ပံ့ကြေးငွေများ၊ တိုးမြှင့်လစာငွေများ ချီးမြှင့်ခဲ့သော်လည်း မိမိတို့အောက်ခြေ၀န်ထမ်းများသည် တိကျရေရာရှင်းလင်းမှု့ အကြောင်းတစ်စုံတရာမရှိပဲ ထောက်ပံ့ကြေးငွေများမရရှိခြင်းအပေါ် များစွာစိတ်ပျက် အားလျှော့မိပါသည်။မိမိတို့ရရှိသောလစာငွေဖြင့်သာ လောက်ငှအောင်စားသောက်နေထိုင်နေရသော ရိုးသားသည့် အောက်ခြေ၀န်ထမ်းငယ်များ၏ ဘ၀အားစာနာ နားလည်စေလိုပါ သည်။ ထောက်ပံ့ကြေးငွေများ၊လစာများ တိုးမြှင့် ပေး ခဲ့သည့် အတွက်များစွာဝမ်းမြောက်ရပါသော်လည်း လစာထုတ်သည့်အခါ မိမိတို့မပါသည့်အတွက် အလွန်ပင် စိတ်ပျက် အားလျှော့မိပါသည်။ မိမိတို့ခံစားချက်များအား တစ်နှစ်တိတိရင်ထဲတွင် သာသိမ်းဆည်း ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့လိုအောက်ခြေနေ့စားဝန်ထမ်း များအနေဖြင့် မိမိတို့၏အခက်အခဲများအား အထက် လူကြီးများဆီသို့ပေါက်ရောက်အောင်တင်ပြနိုင်ခြင်းမျိုးလည်းမရှိသောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့အနေအထားရှိသည့် မိမိတို့လိုအောက်ခြေနေ့စားဝန်ထမ်းများ၏ဘ၀ပေါင်း များစွာအားငဲ့ညှာသောအနေဖြင့် ယခုကိစ္စအားပြန်လည် စဉ်းစားပေးစေလိုပါကြောင်းကို လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။

နေပြည်တော်ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထောက်ပံ့ကြေးငွေ တစ်ရက် (၁၀၀၀)ကျပ်မရရှိကြသောဝန်ထမ်းငယ်များ

0 comments:

Post a Comment