Tuesday, May 21, 2013
အီရတ်နိုင်ငံ ဘက်က်ဒက်မြို့က ဗုံးပေါက်ကွဲမှုမှာ အနည်းဆုံးလူ ခြောက်ဆယ်လောက်သေ ဆုံးခဲ့တယ်လို့သိရ ပါတယ်။
ဒါဟာ အီရတ်နိုင်ငံထဲက အကြမ်းဖက်မှုတွေထဲမှာ အစိုးဝါးဆုံး အကြမ်းဖက်မှုတခုဖြစ်တယ်လို့ အေဘီစီ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းထောက် Matt Brown ကသတင်းပေးပို့ထားပါတယ်။
လူသွားလူလာများတဲ့ ဈေးဆိုင်တွေမှာ အပါအ၀င် ဗုံး ဆယ်လုံးထက် မနည်း ပေါက်ကွဲခဲ့တာဖြစ်ပြီး လူတော်တော်များသေဆုံးခဲ့သလို တရာ့ငါးဆယ်ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံရဲကတွေ က ပြောပါတယ်။
ပေါက်ကွဲခဲ့တဲ့ဗုံးတွေထဲက ဗုံးနှစ်လုံးဟာ ရှီရက်မွန်စလင်လူမျိုးတွေ နေထိုင် တဲ့ Basra တောင်ဖက်ပိုင်းက စားသောက်ဆိုင်တဆိုင်ရဲ့ အပြင်ဖက်နဲ့ ဘတ်စ်ကားဂိတ်ကြီး တခုမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဆူနီ မွန်စလင်လူမျိုးတွေ အများစု နေထိုင်တဲ့ Anbar ပြည်နယ်မှာ ဖြစ်ခဲ့တဲ့  ပေါက်ကွဲမှုက သေဆုံးသူတွေထဲမှာ ရဲရှစ်ဦးပါဝင်ပြီး လစာထုတ်ဖို့ တန်းဆီနေတဲ့ အစိုးရ ပြည်သူ့စစ် သုံးဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အီရတ်နိုင်ငံကဗုံးပေါက်ကွဲမှုတခုကိုတွေ့ရစဉ်

0 comments:
Post a Comment