နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နှစ်ပေါင်း ၅ဝအတွင်း နိုင်ငံတော်သမ္မတ တစ်ဦးအနေဖြင့် အမေရိကန်နိုင်ငံသို့ သမိုင်းဝင်ချစ်ကြည်ရေးခရီးစဉ်ကို သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန် ရောက်မြန်မာများ ၏ စကားသံများကို ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)
==========================================
ဉာဏ်ဝင်းအောင် ၀ါရှင်တန်မှ ရေးသားပေးပို့သည်။
ကျွန်တော်ပြောချင်တာကတော့ အခုအ ချိန်ဟာ အသွင်ကူးပြောင်းရေး ကာလ မဟုတ် သေးဘူး။ အသွင်ကူးပြောင်းရေး (Transition)ကာလကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုကြမလဲဆို တာကအရေးကြီးပါတယ်။ အပြောင်းအလဲလို့ ဆိုကြတဲ့ခါ Transition နဲ့ Change နဲ့က မတူပါ ဘူး။ ဃ့ညေါန ဆိုတာကတော့ ဟိုဥပဒေလေး ပြောင်းလိုက် ဒီဟိုနေရာလေး ပြောင်း လိုက်ပေါ့။ အသွင်ကူးပြောင်းရေးဆိုတာကတော့ ပုံစံတစ်ခု လုံးကြီးကို ပြောင်းပစ်တာ။ တောင်အာဖရိကမှာ ကြည့် လူဖြူလူမည်းခွဲခြားဆက်ဆံရေး။ ဒီစနစ် ကြီးကို ပြောင်းပစ်လိုက် တယ်။ ပြောင်းပြီးတော့ တကယ်ဒီမိုကရေစီနဲ့ အစားထိုးတယ်။
ဒေါက်တာစိန်ဝင်း
(NCGUB ဝန်ကြီးချုပ်ဟောင်း)

0 comments:
Post a Comment