ချမ်းချမ်း ဇာတ်ကား ရိုက်ဖြစ်သွား တာက ကိုပေါက်က ကိုဘုဏ်း သိုက်ဇာတ်ကို ကြိုက်တယ်
ဆိုပြီး ကမ်းလှမ်းတာ။ အဲဒီမှာ မင်းသမီး နေရာမှာ အချင်းချင်း ဆိုသရုပ်
ဆောင်ရတာ အဆင်ပြေမယ်။ ပြီး တော့ အိမ်ထောင်ရေး ဇာတ်ဆို တော့ ချမ်းချမ်းက
ရဲမယ်၊ အသက် ပါမယ်ဆိုပြီး ရွေးလိုက်တာ။ ကို ပေါက်လည်း ဇာတ်မှာ ကွဲပြားမှု
ရှိပြီး မြင်နေကျ ဇာတ်ရုပ် မဟုတ်အောင် ထည့်လိုက် တာပါ။ ချမ်းချမ်းက တော့
သရုပ်ဆောင် ရတာကို အားရ ပါတယ်။ဒါပေမဲ့
Editing မကြည့် ရသေးတဲ့ အတွက် ဘယ်လို ဖြစ်လာ မလဲ မသိဘူး။ ချမ်းချမ်းက
ရိုးရိုးအ ဆိုတော် ဖြစ်တဲ့ အတွက် ဒီဇာတ်ကား လေးနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှား
တယ်။ ကိုယ့်လူ အချင်းချင်း ရိုက်ပေ မယ့်လည်း အကောင်းဆုံး ဖြစ်စေ ချင်တဲ့
ဆန္ဒတော့ ရှိပါတယ်။ ဒီကား ထွက်လာရင် ချမ်းချမ်းကို ဝေဖန်မှာ ပဲ။ ဝေဖန်မှု
ကလည်း ရှိတာပါပဲ။ ကိုယ်လည်း တခြားကား တွေကြည့် ပြီး ဝေဖန် တာပဲလေ။
ပရိသတ်တွေ အနေနဲ့လည်း ဝေဖန်မှာပဲ။ အနုပ ညာလုပ်ရင် ဝေဖန်မှု ဒဏ်ကို
ခံနိုင်ရမယ်။ အလုပ်တစ်ခုကို ကိုယ်က ကောင်းအောင် လုပ်တာပဲ။ ကျန်တဲ့
အားနည်းချက်၊ အားသာချက်က ပရိသတ်က ဝေဖန်မှာပါပဲ။ ခံနိုင်ရမှာ ပေါ့။
ချမ်းချမ်းကို ရုပ်ရှင်ထုတ်လုပ် ရေးတချို့က လာကမ်းလှမ်းတာ လည်းရှိပါတယ်။ဒါပေမဲ့
ကိုယ်က အချိန်မပေး နိုင်မှာ ကြောက်ပါတယ်။ ပြီးတော့ ကိုယ်အားသန်ရာ ကလည်း
အဆိုတော် ဖြစ်တဲ့အတွက် အဆိုနဲ့ ပတ်သက်တဲ့ ဇာတ်မျိုးတွေ၊ ပြီးတော့ ဒရာမာ
ဘက်သွားတဲ့ အိမ်ထောင် ရေးဇာတ်ကို ပိုကြိုက်တယ်။ ဖိုက်တင်တို့၊ တခြားဟာသ
တို့ကို မကြိုက်ဘူး။ ဇာတ်တော့ ရွေးပါတယ်။
0 comments:
Post a Comment