Tuesday, April 9, 2013

ပဲမျိုးစုံဈေး အနည်းငယ်မြင့်တက်

ရက်သတ္တပတ်များစွာ ဈေးနှုန်းများ အကျဘက်သို့ ဦးတည်နေခဲ့သည့် ပဲမျိုးစုံ ဈေးနှုန်းများသည် ယခုတစ် ပတ်တွင် ဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့် တက်လာကြောင်း စုံစမ်းရသည်။ ပဲဈေးတွေက နည်းနည်းပြန် တက်လာတယ်၊ ဒါပေမယ့် Export ကျတော့လည်း နည်းလာတယ်လို့ ကြားတယ်၊ အခုက ပုံမှန်လောက်ပဲ ရှိနေတဲ့အခြေအနေပဲ ရှိနေတယ်၊ ဈေးတွေကဒီထက် တက်လာရင်တော့ ပိုကောင်းတာ ပေါ့ ဟုပဲကုန်သည်ကြီးတစ်ဦးက ဆိုသည်။ လက်ရှိ မတ်ပဲ RC တစ်တန်လျှင်ကျပ် ၅၀၀၀၀၀၊ မတ်ပဲ SQRC တစ်တန်လျှင် ၄၆၇၀၀၀၊ ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၆၁၅၀၀၀ ၀န်းကျင်ခန့် ရှိပြီး ပဲမျိုးစုံ ဈေးနှုန်းများ ပြီးခဲ့သည့် ရက်သတ္တပတ်များနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းများ ပြန်လည်မြင့်တက် လာသော်လည်း ပဲကုန်သည်ကြီးများ အနေဖြင့် ပွဲရုံများတွင် အရောင်း အဝယ် ပါးလျက်ရှိကြောင်း စုံစမ်းသိရသည်။

0 comments:

Post a Comment