Wednesday, February 1, 2017

ကျောက်ဖြူအထူးစီးပွားဇုန်တွင် လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီငါးခု ထပ်မံလျှောက်ထား


ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော်ရာ တွင် တရုတ် CITIC ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာ ကုမ္ပဏီ ၃၀ လျှောက်ထားပြီးဖြစ် ကြောင်း သတင်းရရှိသည်။


ဇန်နဝါရီအတွင်း မြန်မာကုမ္ပဏီ ငါးခု ထပ်မံလျှောက်ထားလာ ခြင်းဖြစ်ပြီး ကုမ္ပဏီများကို ရွေး ချယ်ရန် အထူးစီးပွားဇုန်ဗဟို ကော်မတီထံသို့ တင်ပြထား ကြောင်း ကျောက်ဖြူအထူးစီးပွား ဇုန်စီမံခန့်ခွဲမှုကော်မတီထံမှ သ တင်းရရှိသည်။

‘‘စိတ်ဝင်စားမှုအတွက် ဒီဇင် ဘာထဲက စခေါ်ထားတာ။ အရင် ကော်မတီအဟောင်းက ခေါ်ထား တဲ့ ကုမ္ပဏီတွေလည်း ပြန်လျှောက်ထားရတယ်။ အခုအကုန်လုံး ကုမ္ပဏီစုစုပေါင်း ၃၀ ရှိတယ်’’ဟုအဆိုပါကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးမောင်က ပြောကြား သည်။

ကျောက်ဖြူအထူးစီးပွားဇုန် စီမံခန့်ခွဲမှုကော်မတီက မြန်မာ ဘက်မှ ပူးပေါင်းလုပ်ဆောင်လို သည့် ကုမ္ပဏီများကို ၂၀၁၆ ဒီဇင် ဘာအတွင်း ဖိတ်ခေါ်ခဲ့ခြင်းဖြစ် သည်။

စီမံခန့်ခွဲမှုကော်မတီသည် ကျောက်ဖြူ အထူးစီးပွားဇုန်အ ကောင်အထည်ဖော်ရန် ကုမ္ပဏီ များ ဖိတ်ခေါ်ခြင်းသာ ဆောင်ရွက် နိုင်ပြီး တင်ဒါအောင်ထားသည့် တရုတ်ကုမ္ပဏီနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိသေးကြောင်း သိရ သည်။

၂၀၁၂ တွင် ကျောက်ဖြူအ ထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ(MKSH)ကို ကုမ္ပဏီ ၁၆ ခုဖြင့် တည်ထောင်ထားပြီး ယခုရွေး ချယ်မည့် ကုမ္ပဏီနှင့်ပူးပေါင်းအ ကောင်အထည်ဖော်မည် ဖြစ် ကြောင်း ဒေါက်တာဦးမောင်က ပြောသည်။

အဆိုပါစီမံကိန်းသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကုန် ဆုံးခါနီးတွင် အလျင်အမြန်အ ကောင်အထည်ဖော်ရန် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအ တွက် တရုတ်ထံမှ အစိုးရက ချေး ယူရမည့် ချေးငွေသည် အတိုးနှုန်း များသဖြင့် ဒေသခံများက စိုးရိမ် နေသော စီမံကိန်းလည်း ဖြစ် သည်။

တင်ဒါအောင်ထားသည့် တ ရုတ် CITIC Consortium သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုအတွက် အမေ ရိကန်ဒေါ်လာ ကိုးဘီလီယံရင်းနှီး မြှုပ်နှံပြီး မြေဧက ၄၂၀၀ ကျော် အသုံးပြုမည်ဟု ဆိုသည်။ စက်မှု ဇုန်အတွက် တင်ဒါခေါ်ယူစဉ်က ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပ ဏီဘက်က ၄၉ ရာခိုင်နှုန်းသတ် မှတ်ထားသော်လည်း ရေနက်ဆိပ် ကမ်းအတွက် သတ်မှတ်ချက်မရှိ သေးကြောင်း ယခင်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦး အောင်ကျော်သန်းက ၂၀၁၆ အ တွင်းက ပြောကြားထားသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းဟူ၍ အပိုင်းသုံးပိုင်းခွဲထားပြီး ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန် စီမံကိန်းကို တင်ဒါအောင်မြင် ထားသည့် တရုတ် CITIC ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ ၃၀ အနက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များက စတင်အကောင်အထည် ဖော်မည်ဖြစ်သည်။ အိမ်ရာစီမံ ကိန်းကို အထက်ပါစီမံကိန်းနှစ်ခု အကောင်အထည်ဖော်လည်ပတ် မှသာ ဆက်လက်လုပ်ဆောင်မည် ဟု ဒေါက်တာဦးမောင်က ပြော သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment