Thursday, January 26, 2017

နိုင်ငံမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ထိပ်တန်းကား ကုမ္ပဏီကြီးသုံးခုက အကြီးအကဲတွေကို ထရမ့် ခေါ်ပြော

Image may contain: sky, stripes, night and outdoor
အမေရိကန်မှာပဲ လုပ်ငန်းတွေပြန်လည်ရင်းနှီးမြှုပ်နှံပြီးတော့ ကားတွေ ပိုမိုထုတ်လုပ်ဖို့ နိုင်ငံရဲ့ ထိပ်တန်းကားကုမ္ပဏီကြီး သုံးခုက အကြီးအကဲတွေကို သမ္မတ ဒေါ်နယ်ထရမ့်က ခေါ်ယူညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

သမ္မတ ထရမ့်ဟာ အဆိုပါ ကားကုမ္ပဏီကြီးသုံးခုက စီအီးအိုတွေနဲ့ အိမ်ဖြူတော်မှာ ခေါ်ယူအစည်းအဝေးထိုင်ခဲ့ပါတယ်။ ယင်းတွေ့ဆုံမှုမှာတော့ ပြည်ပမှာ သွားရောက်လုပ်ကိုင်နိုင်တဲ့ နိုင်ငံတွင်းကကုမ္ပဏီတွေ ပြည်တော်ပြန်လာနိုင်ဖို့အတွက်ဆိုရင် သူ့ဘက်ကတစ်ခြားစည်းမျဉ်းပိုင်းနဲ့ အခွန်အကောက်ပိုင်းမှာ မက်လုံးပေးဆွဲဆောင်ဖို့ ရှိတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။

" အဓိကအနေနဲ့ကတော့ ကားစက်ရုံတွေပေါ့၊ သူတို့တွေကို နိုင်ငံမှာပြန်လာထုတ်လုပ်ဖို့ ကျွန်တော်တွန်းအားပေးထားပတယ်" လို့ ထရမ့်က အစည်းအဝေးမစတင်ခင်မှာပဲ သတင်းထောက်တွေကို ပြောပါတယ်။

ထရမ့်တွေ့ဆုံခဲ့တဲ့ အမေရိကန်ကားကုမ္ပဏီသုံးခုက စီးအီးအိုတွေကတော့ General Motors ရဲ့ Mary Barra ၊ Ford ရဲ့ Mark Fields နဲ့ Fiat Chrysler ရဲ့ Sergio Marchionne တို့ပဲဖြစ်ပါတယ်။

သမ္မတသစ်ဖြစ်လာခဲ့တဲ့ ထရမ့်ကတော့ နိုင်ငံရဲ့ ကားကုမ္ပဏီတစ်ချို့ကို တွစ်တာကနေတဆင့် ဝေဖန်ပြစ်တင်ထားတာမျိုး ပြုလုပ်ခဲ့ပြီး မက္ကဆီကိုလိုနိုင်ငံတွေနဲ့ အခြားပြည်ပနိုင်ငံတွေမှာ ထုတ်လုပ်မှုတွေ တိုးချဲ့သွားဖို့လုပ်နေတဲ့ ကုမ္ပ့ဏီတွေကို သွင်းကုန်အခွန်တွေတိုးချမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတာလည်းရှိခဲ့ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment