Thursday, October 27, 2016

အဆင့်တက်သော်လည်း စီးပွားရေးလုပ်ကိုင်ရ အခက်ဆုံး နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေဆဲဖြစ်

ကမ္ဘာ့ဘဏ်အုပ်စု က ထုတ်ပြန်သော ၂၀၁၇ စီးပွား ရေးလုပ်ငန်းဆောင်ရွက်ခြင်းအား လုံးအတွက် တန်းတူအခွင့်အ လမ်းအစီရင်ခံစာ၏ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှုအဆင့်သတ် မှတ်ချက်တွင် မြန်မာနိုင်ငံက အ ဆင့်တစ်ဆင့် တက်လာသော် လည်း အောက်ဆုံးနိုင်ငံ ၂၀ စာရင်း၌ ပါဝင်နေဆဲဖြစ်သည်။

စီးပွားရေးလုပ်ကိုင်ရာတွင် အဆင်ပြေလွယ်ကူမှု (Doing Business) နှင့်ပတ်သက်၍ နိုင်ငံ ပေါင်း ၁၉၀ ၏ အဆင့်သတ်မှတ် ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၁၆  က အဆင့် (၁၇၁)သတ်မှတ်ခံရ သော မြန်မာနိုင်ငံသည် ၂၀၁၇ အတွက်(၁၇၀)သတ်မှတ်ခံရခြင်း ဖြစ်ကာ တစ်ဆင့်တက်လာခြင်း ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံးဟုဆိုနိုင် သော အောက်ဆုံးအဆင့် နိုင်ငံ ၂၀ တွင် ပါဝင်နေဆဲဖြစ်သည်။
၂၀၁၇ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်း - အားလုံးအ တွက် တန်းတူအခွင့်အလမ်း စာ တမ်းနှင့်ပတ်သက်၍ အောက်တို ဘာ ၂၆ ရက်က နေပြည်တော်ရှိ ဟီလ်တန်ဟိုတယ်တွင်ပြုလုပ်ခဲ့ သည်။
မြန်မာနိုင်ငံ၏ အထက်တွင် နိုင်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံတို့ ရပ်တည်နေပြီး စီးပွားရေးလုပ်ကိုင်ရခက်ခဲသော နိုင်ငံများ၌ စစ်ပွဲများ ဖြစ်ပွားနေသည်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရ အလွယ်ကူဆုံး နိုင်ငံအဆင့်(၁)အဖြစ်နယူးဇီလန်နိုင်ငံက သတ်မှတ်ခံရပြီးဆိုမာလီယာနိုင်ငံက အောက်ဆုံးအဆင့် (၁၉၀) တွင် ရပ်တည်နေသည်။ ၎င်း၏နောက်တွင် စင်ကာပူက အဆင့်  ၂  ၊ ဟောင်ကောင်က  အဆင့်၃၊ တရုတ်က အဆင့် ၄ နှင့် တောင်ကိုရီးယားက အဆင့် ၅ တို့ဖြစ်သည်။
အဆင့်သတ်မှတ်ချက်တွင်နံပါတ်စဉ် သေးသည်နှင့်အမျှ စီးပွားရေးလုပ်ကိုင်ရ ပိုမိုလွယ်ကူပြီး နံပါတ်စဉ် ကြီးလျှင် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲလေဟု သတ်မှတ်ထားခြင်းဖြစ်သည်။
‘‘သူတို့ အဓိက အကဲဖြတ် တာက အချက်ကြီးသုံးချက်ပါ။ အစိုးရနဲ့ ဆက်ဆံပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေက အဆင့်တွေဘယ် နှဆင့်လောက် များနေလဲ၊ အ ချိန်ဘယ်လောက်ကြာလဲ၊ ဘယ် လောက် ငွေကုန်ကြေးကျရှိလဲ ပေါ့။ ဒီသုံးချက်ကို အခြေခံတာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေး မှူး ဦးအောင်နိုင်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရမှုနှင့်ပတ်သက်၍ကုမ္ပ ဏီမှတ်ပုံတင်ကြေး လျှော့ချခြင်း ကြောင့် စီးပွားရေးလုပ်ငန်းစတင် ရန် လွယ်ကူလာခြင်း၊ ကုမ္ပဏီ တစ်ခု မှတ်ပုံတင်ရာတွင်ထောက် ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်သေခံ လက်မှတ်တင်ပြရမှု သတ်မှတ်ချက် ဖယ်ရှားခြင်း၊ ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာနတစ်ခုတည်ထောင်ရန် ဥပဒေပြဋ္ဌာန်းခြင်း၊ ကြွေးမြီဆိုင် ရာ သတင်းအချက်အလက်စနစ် တိုးတက်ခြင်းတို့ ရှိလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ သို့သော် ရန်ကုန်ဆိပ်ကမ်း ကျပ်တည်းမှုကြောင့် ကုန်သွယ် ရေးတွင် ကုန်ကျစရိတ်ပိုများပြီး အချိန်နှောင့်နှေးမှု အခက်အခဲ များရှိနေသဖြင့် ကုန်သည်များ အ ခက်ကြုံနေရသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
‘‘တချို့ ကိစ္စတွေကတော့ ဥပဒေကြောင့် ဖြစ်နေတာလို့မြင် တယ်။ တချို့က ဥပဒေကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာ ၀န်ကြီး ဌာနကထုတ်ပြန်ထားတဲ့ လုပ်ထုံး လုပ်နည်းတွေ၊ အမိန့်ညွှန်ကြား ချက်တွေကြောင့်မို့လို့ အဆင်း များတယ်။ ငွေတွေကုန်တာလည်း ရှိတယ်။ ဒါတွေက ၀န်ကြီးဌာနအ နေနဲ့ သုံးသပ်ပြီးပြင်ဖို့လိုတယ်’’ ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။
‘‘မြန်မာနိုင်ငံဟာ အင်အား ကောင်းကောင်းနဲ့ တိုးတက်နေတဲ့ နှုန်းကို ထိန်းသိမ်းဖို့အတွက် အကူ အညီဖြစ်စေတဲ့ စီးပွားရေးရပ်ဝန်း တစ်ခု ဖန်တီးရာမှာ မှန်မှန်လေး တိုးတက်နေပါတယ်’’ဟု မြန်မာ နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် မန်နေ ဂျာ အဗ္ဗဒူလာရေဆက်(Abdoulaye Seck) က ဆိုသည်။
‘‘စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ပုဂ္ဂလိ ကကဏ္ဍကို ရှင်သန်တက်ကြွနေ စေပြီး မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်တွေ ပိုမိုရလာကာ ၀င်ငွေလည်း ပိုမိုကောင်းလာစေ ပါလိမ့်မယ်’’ ဟု၎င်းကပြောကြားသည်။
မြန်မာနိုင်ငံစီးပွားရေးဆိုင် ရာ ပြုပြင်ပြောင်းလဲမှုများ ဆက် လက်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးပြီး ပြည်သူ အများ အလုပ်အကိုင် အခွင့်အ လမ်း ပိုမိုရရှိကာဝင်ငွေလည်း တိုး တက်လာမည်ဟု မြန်မာနိုင်ငံဆိုင် ရာ ကမ္ဘာ့ဘဏ်၏မန်နေဂျာအဗ္ဗဒူ လာရေဆက်က ပြောကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment