ပြည်ပနိုင်ငံများတွင် ရှိသော မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ ၏ထက်ဝက်ကျော်မှာငှားရမ်းပြီး ဖွင့် လှစ်ထား ရခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေး ၀န်ကြီးဌာနမှသိရသည်။
ပြည်ပနိုင်ငံများတွင် မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အ ဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ရုံးဟူ ၍ စုစုပေါင်း ၄၄ ရုံးရှိသည့်အနက် မြေနှင့်အဆောက်အအုံနှစ်မျိုးစလုံး ပိုင်ဆိုင်မှုမှာ ထိုင်း၊ ဂျာမနီ၊ သြစ တြေးလျ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ စင်ကာ ပူ၊ အီတလီ၊ ဂျပန်၊ အင်္ဂလန်နှင့် မလေး ရှားတို့တွင်ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာ ဦးစီးဌာန၊ အဆောက်အအုံနှင့် ထောက် ပံ့ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးအောင်စိုးဝင်းကပြောသည်။
သံတမန်အဆောက်အအုံသာ ပိုင်ဆိုင်ပြီး မြေမပိုင်သောနိုင်ငံများ မှာ အမေရိကန်(၀ါရှင်တန်)၊ အမေ ရိကန်(နယူးယောက်)နှင့် လာအိုတို့ ဖြစ်ပြီး လောလောဆယ်မြေသာရှိပြီး အဆောက်အအုံမဆောက်ရသေး သောနိုင်ငံမှာ တောင်အာဖရိကဖြစ် သည်။
"ကျန်တဲ့နိုင်ငံတွေမှာကတော့ ပြည်ပမှာငှားရမ်းပြီးတော့ သံရုံးရော၊ သံရုံးဝန်ထမ်းတွေအိမ်ရော၊ ငှားရမ်း ပြီးဖွင့်လှစ်ထားပါတယ်" ဟု ၎င်းင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။
"ကျန်တဲ့နိုင်ငံတွေမှာကတော့ ပြည်ပမှာငှားရမ်းပြီးတော့ သံရုံးရော၊ သံရုံးဝန်ထမ်းတွေအိမ်ရော၊ ငှားရမ်း ပြီးဖွင့်လှစ်ထားပါတယ်" ဟု ၎င်းင်းက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။
မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ မရှိသေးသည့် အခြားသောနိုင်ငံများ တွင် သံရုံးများဖွင့်လှစ်နိုင်ရန် နိုင်ငံ တော်၏ ဘဏ္ဍာငွေအခြေ အနေအရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် သံရုံးဆောက် ရန်ဝယ်ယူထားသည့်မြေကို ၁၉၈၈ ခုနှစ် န၀တအစိုးရတက်သည့်အ ချိန်တွင်တစ်ဝက်ခွဲပြီး ရောင်းချ ခဲ့ရ သော်လည်း ကျန်ရှိနေသော မြေနေ ရာတွင် သံတမန်အဆောက်အအုံ နှင့်ဝန်ထမ်းများအတွက် အိမ်ရာပါ ဆောက် လုပ်ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
သံရုံးတစ်ရုံးဖွင့်လှစ်ရန် ကုန်ကျ စရိတ်နှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန် ကြီးဌာန၊ ကောင်စစ်ရေးနှင့်ဥပဒေရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေး မှူးချုပ် ဒေါ်အေးအေးစိုးက " သံ ရုံးတစ်ရုံးဖွင့်ဖို့က ဘယ်ဒေသမှာရှိ တယ်ဆိုတာပေါ်မူတည်တယ်။ ဥပမာ ဂျပန်လိုနိုင်ငံ ဆွစ်ဇာလန်လိုနေရာ မျိုးတွေကဈေးကြီးတယ်။ လာအိုတို့ လိုနေရာမျိုးဆိုရင်တော့ ဈေးပေါပါ တယ်" ဟုပြောသည်။
မြန်မာနိုင်ငံဆိုင်ရာသံရုံးများမရှိသေးသည့် အခြားနိုင်ငံများတွင် သံရုံးများဖွင့်လှစ်ရန် လတ်တလော အစီအစဉ်မရှိသေးကြောင်း၊ သံရုံး တစ်ရုံးဖွင့်လှစ်နိုင်ရန်မှာ မည်သည့် နေရာတွင်ဖွင့်လှစ်မည်။ ဖွင့်သင့်သည်၊ မဖွင့်သင့်ဆိုသည်ကို နေရာရွေးကြ ရကြောင်း၊ နိုင်ငံအတွက် စီးပွားရေး အရ အကျိုးရှိ၊ မရှိ ကိုယ့်လူမျိုး အ များဆုံးနေထိုင်ရာနေရာဖြစ်၊ မဖြစ် ကိုလည်း ထည့်သွင်းစဉ်းစားကာ ဆောင် ရွက်ကြရကြောင်း ၎င်းင်းကဆက်လက် ပြောသည်။
Credit To >>> Democracytoday
0 comments:
Post a Comment