Monday, November 30, 2015

"ဆက်သွယ်ရေးနည်းဥပဒေ အများအပြား ဆက်လက် ထွက်ရှိလာမည် ဟုဆို "



ဆက်သွယ်ရေးနှင့် ပတ်သက်သည့် နည်းဥပဒေအများအပြား ဆက်လက်ထွက်ရှိလာမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

မကြာခင်တွင် International Gateway နှင့် ပတ်သက်သည့် နည်းဥပဒေတစ်ခု ထွက်ရှိလာမည်ဖြစ်ပြီး ကျန်ရှိသည့် နည်းဥပဒေများလည်း အများအပြား ဆက်လက် ထွက်ရှိလာမည်ဟု ဦးသောင်တင်က ဆိုသည်။
နည်းဥပဒေတစ်ခု ထွက်ရှိရန်အတွက် အကြံပေးခြင်း အဆင့်ဆင့်ခံယူရသည့်အပြင် ရှေ့နေချုပ်ရုံးအပါအဝင် အခြားသော သက်ဆိုင်ရာနေရာအသီးသီးမှ အတည်ပြုချက်များကိုလည်း ရယူရသည့်အတွက် အချိန်ကြာမြင့်မှုရှိနိုင်ကြောင်း ၎င်းက ပြောသည်။
လက်ရှိအချိန်၌ ဆက်သွယ်ရေးနှင့် ပတ်သက်သည့် နည်းဥပဒေ ၅ ခုကို ထုတ်ပြန်နိုင်ရန် စီစဉ်နေပြီး အဆိုပါ နည်းဥပဒေ ၅ ခုအနက် ချိတ်ဆက်အသုံးပြုခြင်းနှင့် အပြန်အလှန် ဆက်သွယ်ခြင်းဆိုင်ရာ နည်းဥပဒေ ၊ ဆက်သွယ်ရေးကဏ္ဍ၏ ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေ၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေနှင့် ဆက်သွယ်ရေးနံပါတ်များ လျာထားသတ်မှတ်ချက်ဆိုင်ရာ နည်းဥပဒေတို့ကို ပြဋ္ဌာန်းနိုင်ခဲ့သည်ဟု သိရသည်။

Credit To >>> Internet Journal 

0 comments:

Post a Comment