တပ်မတော်ကာကွယ်
ရေးဦးစီးချုပ်၏ ကရင်ပြည်နယ် ဖာပွန်ခရီးစဉ်သို့ လိုက်ပါသော
ရဟတ်တစ်စီးလက်နက်ငယ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းများထွက်ပေါ်နေသည်။
တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ဖာပွန်မြို့သို့ အောက် တိုဘာ ၆ရက် နံနက်က ရောက်ရှိ ခဲ့ပြီး ဖာပွန်တပ်နယ် တပ်မတော် ဆေးရုံနှင့် အစိုးရဌာန ၀န်ထမ်း များ၊ ဒေသခံများနှင့် တွေ့ဆုံပြီး အပြန်တွင် ခရီးစဉ်၌ လိုက်ပါလာသော ရဟတ်ယာဉ်တစ်စီးကိုလက်နက်ငယ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသတွင်းလက်နက်ကိုင်အဖွဲ့ အချို့မှ သတင်းရင်းမြစ်များက ပြောသည်။
နေ့လယ် ၂ နာရီခန့်တွင် ရဟတ်ယာဉ်ပျံတက်ခါစ၌ ပစ် ခတ်ခံရခြင်းဖြစ်ပြီး ရဟတ်ယာဉ် ကို အနီးဆုံးနေရာဖြစ်သော ဖာပွန် ကားလမ်းဘေးရှိ ကဒိုင်တိရွာသို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦးက ပြောသည်။
ရဟတ်ယာဉ်နောက်ဘက်ရှိ ပန်ကာနှင့်မှန် လက်နက်ငယ်ကျည်ဆန် ထိမှန်ပျက်စီးခဲ့ပြီး တစ်ဦးမျှ ဒဏ်ရာရရှိခြင်း မရှိဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းကို မေးမြန်းရာ KNU အနေဖြင့်လည်း အဆိုပါ အမှုကို စုံစမ်းစစ်ဆေးနေသည်ဟု ပြောသည်။
‘‘ကျွန်တော်တို့ သတင်းအ တိအကျတော့မရဘူး။ ကြားတာ တော့ရှိတယ်။ ကျွန်တော်တို့လည်း သတင်းရလို့ စုံစမ်းခိုင်းထားတယ်’’ ဟု ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးသို့ ဆက်သွယ် မေးမြန်းရာအတည်ပြုခြင်းမရှိသလို ငြင်းဆန်ခြင်းလည်းမပြုဘဲ ဖုန်းနှင့်မေးသည့်အတွက် ပြောပြရန် ခက်သည်ဟုဖြေသည်။ တပ်မတော်သတင်းများပြန်လည်ဖြေဆိုရေး Contact Person ခန့်အပ်ရန် စီစဉ်နေပြီး ၎င်းတို့ကသာ တပ်မတော်နှင့် ပတ်သက်သော သတင်းများ ဖြေပေးလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက The Voice Daily သို့ ဖြေကြားရာတွင် အပစ်ခံရသည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လေယာဉ်မဟုတ်ဘဲ ခရီးစဉ်သို့ လိုက်ပါသော အခြား တပ်မတော်ရဟတ်ယာဉ်တစ်စီးကိုသာ အောက်တိုဘာ ၆ ရက်တွင် လက်နက်ငယ်ဖြင့်တစ်ချက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဘာမျှမဖြစ်ခဲ့ကြောင်း The Voice ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတင်းဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် အောက်တိုဘာ ၆ရက် က တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဖာပွန်မြို့သို့ ရောက်ရှိကာ ဒေသတွင်းလိုက်လံကြည့်ရှုလေ့ လာသည့်သတင်းကိုသာ အောက်တိုဘာ ၇ ရက်က ဖော်ပြထား သညိ။
ဖာပွန်မြို့နယ်သည် KNU တပ်မဟာ(၅) လှုပ်ရှားလေ့ရှိသော နေရာဖြစ်ပြီး ဒီကေဘီအေက ထုတ်ပယ်ထားသည့် စော ကျော်သက်၊ စောဆန်းအောင်နှင့် တိုက်ဂါးတို့လည်း လာရောက် လှုပ်ရှားနေသည်ဟု သတင်းရ ထားကြောင်း ကရင်ပြည်နယ် ရဲ တပ်ဖွဲ့နှင့် ဒေသတွင်း ကရင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ က ပြောသည်။

Credit To >>> 7Day News
0 comments:
Post a Comment