Monday, October 12, 2015

မြန်မာနိုင်ငံ၏ပထမဆုံးအမှိုက်မီးရှို့စက်ရုံ ၂၀၁၇ တွင် အပြီးတည်ဆောက်မည်


ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် တည် ဆောက်မည့်မြန်မာနိုင်ငံ၏ပထမ ဆုံးအမှိုက်မီးရှို့စက်ရုံမှ လျှပ်စစ် ဓာတ်အား ၇၀၀ ကီလိုဝပ်ထွက်ရှိ မည်ဖြစ်ရာ ၃၀၀ ကီလိုဝပ်ကို မ ဟာ ဓာတ်အားလိုင်းသို့ ထည့်သွင်းပေးမည်ဟု သတင်းရရှိသည်။

တစ်ရက်လျှင် တန် ၆၀ မီး ရှို့နိုင်သည့် အမှိုက်မီးရှို့စက်ရုံကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူး ပေါင်းမှု (Joint Crediting Mec-hanism)ဖြင့် ၂၀၁၅ အောက်တိုဘာမှ စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၇  မတ်လတွင် ပြီးစီးမည်ဖြစ် သည်။ ယင်းအမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ် ထွက်ရှိမည်ဖြစ်ရာ ၄၀၀ ကီလိုဝပ် ကို စက်ရုံလည်ပတ်ခြင်းအတွက် သုံးစွဲ၍ ကျန် ၃၀၀ ကီလိုဝပ်ကို မဟာဓာတ်အားလိုင်းသို့ ထည့် သွင်းမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
‘‘ယခုတည်ဆောက်တဲ့စက် ရုံက ပထမဆုံးတည်ဆောက်တဲ့ စက်ရုံဖြစ်ပါတယ်။ အဓိကအနေ နဲ့ကမ္ဘာကြီးကို ပူနွေးစေပြီး ရာသီ ဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆိုး ကျိုးကို ဖြစ်စေတဲ့မီသိန်းနဲ့ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ကို လျှော့ချပေးတဲ့ အစီအစဉ်တစ် ခုလည်းဖြစ်ပါတယ်’’ဟု မြို့တော် ဝန်က ဆိုသည်။
အမှိုက်မီးရှို့စက်ရုံတည် ဆောက်ရန် ဂျပန်နိုင်ငံက အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၂ သန်း ကူညီထောက်ပံ့၍ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မ တီမှ ဒေါ်လာ ရှစ်သန်း အကုန်  အကျခံတည်ဆောက်မည် ဖြစ် ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာန လက် ထောက်ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။
ထို့အပြင် မီးမလောင်နိုင် သောအမှိုက်များကို စနစ်တကျ ရွေးချယ်ပြီး စွန့်ပစ်စေရန်နှင့် အ မှိုက်မီးရှို့စက်ရုံမှ ထွက်ရှိလာ သည့် အမှုန်များ၊ မီးခိုးများ၊ စွန့် ပစ်ရေဆိုးများ၊ ပြာခဲနှင့် ချော်ခဲ များကိုလည်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ လုပ်ဆောင်မည်ဟု ဒေါက်တာအောင်မြင့်မော်က ပြောသည်။
ရန်ကုန်မြို့တော်တွင် နေ့ စဉ်အမှိုက်တန်ချိန် ၁,၆၀၀ ကျော် ထွက်ရှိပြီး အမှိုက်စုပုံရန် မြေနေ ရာရှားပါးလာခြင်းကြောင့် အမှိုက် မှ စွမ်းအင်ထုတ်လုပ်သည့်နည်း လမ်းများအရ စွန့်ပစ်အမှိုက်တန် ၈၀၀ ကို မီသိန်းဓာတ်ငွေ့မှတစ် ဆင့် လျှပ်စစ်မဂ္ဂါဝပ်ထုတ်ယူရန် နှင့်စွန့်ပစ်အမှိုက်တန် ၆၀၀ ကို အမှိုက်မီးရှို့သည့်စနစ်ဖြင့် လျှပ် စစ်ဓာတ်အား ထုတ်ယူရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သ တင်းရရှိသည်။
ယင်းအတွက် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မ တီနှင့် ပုဂ္ဂလိကကုမ္ပဏီများဖြစ် သည့် ချာဆွန်ကိုရီးယားကုမ္ပဏီ နှင့် Zeya & Associates ကုမ္ပဏီ တို့ ပူးပေါင်း၍ ထိန်ပင်နှင့်ထား ဝယ်ချောင် နောက်ဆုံးစွန့်ပစ်အ မှိုက်ပုံများမှ စွမ်းအင်ထုတ်လုပ် ရန် ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

Credit To >>> 7Day News 

0 comments:

Post a Comment