Thursday, October 1, 2015

၂၀၁၈တွင် ခရီးသွား သန်း၅၀ လာမည်ဟု ထိုင်း မျှော်လင့်

c1_713136_150930172949_620x413
ထိုင်းနိုင်ငံအနေဖြင့် လာမည် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား သန်း၅၀ ခန့်လာအောင် ဆွဲဆောင်နိုင်မည် ဟု ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့(TAT)ကို မျော်လင့်ထားတယ်လို့ သိရပါတယ်။

TAT အနေနဲ့ လာမည်နှစ်မှာ နိုင်ငံခြားခရီးသွား ၃၆သန်း ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး၊ ၂၀၁၇ ခုနှစ်တွင် ၄၃ သန်း၊ ၂၀၁၈တွင် သန်း၅၀အထိ မြင့်တက်လာမည်ဟုလည်း ကြိုတင်ခန့်မှန်းထားတယ်လို့ Bangkok Post သတင်းကဆိုပါတယ်။

နိုင်ငံ ၃၅ နိုင်ငံရှိ TAT ရုံးများအနေဖြင့် နိုင်ငံခြား ခရီးသွား များကို တိုက်ရိုက် ဆွဲဆောင်နိုင်လိမ့်မည်လို့လည်း TAT ရဲ့ အုပ်ချုပ်ရေးမှူး Yuthasak Supasornက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား ၂၈.၈သန်း လာရောက်ဖို့ ရည်မှန်းထားပေမယ့်လည်း TAT အနေနဲ့ သန်း ၃၀အထိ တက်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်၊
ဒါပေမယ့်လည်း ဘန်ကောက်မြို့လည် နိုင်ငံခြား ခရီးသွား စည်ကားရာ ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်မယ့် အရိပ်အယောင်များကြောင့် ထိုင်းရဲချုပ်ကိုယ်တိုင် ဘန်ကောက်မြို့ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့နေရာတွေကို သွားရောက်ကာ ခရီးသွားများကို အားပေး စကားဆိုခဲ့ပါသေးတယ်။
ယခုနှစ် ဇန်န၀ါရီ ၁ရက်နေ့က စက်တင်ဘာ ၁၇ ရက်နေ့ထိ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၂၁. ၁ သန်း ၀င်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

Credit To >>> Irrawaddy News

0 comments:

Post a Comment