Wednesday, October 7, 2015

ADB က CB ဘဏ်အား အာမခံချေးငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းပေးအပ်

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သမ၀ါယမ ဘဏ် (CB)အား ကုန်သွယ်မှုလုပ်ငန်း များအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း အာမခံချေးငွေပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။


ADB ဘဏ်၏ ကုန်သွယ်မှု ဘဏ္ဍာရေးအစီအစဉ် Trade Finance Program (TFP) အရ ပထမဦးဆုံး ပြည်တွင်းဘဏ်တစ် ခုသို့ ချေးငွေပေးအပ်ခြင်းဖြစ်ပြီး ချေးငွေသက်တမ်းမှာ တစ်နှစ် ဖြစ်ကြောင်း ADB ဘဏ်ကဆို သည်။

ချေးငွေပေးအပ်သောအစီ အစဉ်ကို အောက်တိုဘာ ၆ ရက် တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး ချေးငွေ စာချုပ်အရ အသေးစား၊ အလတ် စားလုပ်ငန်းရှင်နှင့် ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းရှင်များအား CB ဘဏ်ကတစ်ဆင့် ကူညီနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ် သည်ဟု ADB ဘဏ်၊ Trade Finance ၏ ခေါင်းဆောင်မစ္စတာ  Steven Beck က ပြောသည်။

ယခုစာချုပ်အရ မြန်မာနိုင်ငံ ၏ ကုန်သွယ်ရေးနှင့် အလုပ်အ ကိုင်ဖန်တီးမှုများကို ဖွံ့ဖြိုးရန် ကူ ညီပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ADB ဘဏ်၏ ချေးငွေထုတ်ချေးနိုင်ရန် အဆင့်သတ်မှတ်ချက်အရ အာရှ တိုက်ရှိ ဘဏ် ၂၀၀ ကျော်အား ကုန်သွယ်မှု အာမခံချေးငွေနှင့် TFP လုပ်ငန်းစဉ်အတွက် အာမခံ ငွေများ ထုတ်ပေးလျက်ရှိသည်။

အထက်ပါ TFP အစီအစဉ် ကို ၂၀၀၉က စတင်ခဲ့ပြီး အသေး စား၊ အလတ်စားလုပ်ငန်း ၆,၀၀၀ ကျော်အတွက် ဒေါ်လာဘီလီယံ ၂၀ ထုတ်ချေးထားကြောင်း ယင်း ဘဏ်ကဆိုသည်။ ယခုချုပ်ဆို သော စာချုပ်အရ CB ဘဏ်နှင့် ချိတ်ဆက်ထားသည့် နိုင်ငံခြား တိုင်းပြည်ဘဏ်များဖြင့်သာ ကုန် သွယ်မှုအတွက် ငွေပေးချေမှုပြု လုပ်နိုင်သည်မဟုတ်ဘဲ CBဘဏ် နှင့်ချိတ်ဆက်ထားခြင်းမရှိသော ကုန်သွယ်ရေးလုပ်ငန်းများအ တွက်လည်း ငွေပေးချေနိုင်မည်ဖြစ်သည်။CB ဘဏ်နှင့်ချိတ်ဆက်ထား ခြင်းမရှိသော ပြည်တွင်း ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအ တွက် ADB ဘဏ်က ကြားမှအာ မခံချေးငွေပေးအပ်မည်ဖြစ် သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း လုံးရှိ ADB နှင့်ချိတ်ဆက်ထား သည့် ဘဏ်များနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များ ကုန်သွယ်ရေး လုပ်ငန်းများအတွက် ငွေပေးချေ မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း CB ဘဏ်က ဆိုသည်။

ယခု TFP ချေးငွေသည် အာရှဒေသတွင် ဖွံ့ဖြိုးရေးနှင့် ပုဂ္ဂ လိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံအတွက် Swiss Re Insurance နှင့် IE Singapore တို့သည် TFP အတွက်အဓိကမိတ်ဖက်အဖွဲ့အစည်းဖြစ် လာမည်ဟု ADB ဘဏ်က ဆို သည်။

Credit To >>> 7Day News

0 comments:

Post a Comment