Monday, September 14, 2015

ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကို နိုဝင်ဘာလ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


“ဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို Myanmar Satellite Forum မှ အသိပညာ ဝေမျှသွားမှာဖြစ်ပါတယ်။ ပြောင်းလဲ လာတဲ့ နည်းပညာတိုးတက်မှုတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ အခမ်းအနား၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr.Rupert Owen က ပြောသည်။

CommuniCast Myanmar အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ Myanmar Event Park တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ရာ ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ကို အဆိုပါအခမ်းအနားအတွင်း ကျင်းပမည်ဖြစ်သည်။
နိုင်ငံတော်အတွင်း ဂြိုဟ်တုသုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ICT ကဏ္ဍမှ ဆက်သွယ်ရေးတစ်ခုတည်း မဟုတ်ဘဲ ကဏ္ဍတော်တော်များများမှာ ဂြိုဟ်တုနည်းပညာဖြင့် ချိတ်ဆက်အသုံးပြုနေကြပြီ ဖြစ်ကြာင်း၊ ဂြိုဟ်တုတစ်ခုကို ဝယ်ယူရုံနှင့် မပြီးသေးဘဲ နည်းပညာပါ လိုအပ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ တစ်ချိန်တွင် မိမိကိုယ်တိုင် ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်နိုင်သည့် အဆင့် အထိ ရောက်ရှိစေရေးကို မျှော်မှန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ ဆောင်ရွက်သွားနိုင်ရေး အစီအစဉ်မှာ လုပ်ငန်းများအား အဆင့်လိုက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် နိုင်ငံတော် အတွင်း ဂြိုဟ်တုသုံးစွဲနေသူများအား စုစည်း၍ ဂြိုဟ်တုတစ်လုံးတည်း အသုံးပြုကာ စုစည်း ဆောင်ရွက်သွားနိုင်ရေးကို ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း သိရသည်။

Credit To >>> Internet Journal

0 comments:

Post a Comment