Monday, September 14, 2015

ပုဂံရှေးဟောင်းအမွေအနှစ်များ အသေးစိတ် စာရင်းကောက်ယူမှုကို ၂၀၁၆ မေလအပြီး ဆောင်ရွက်မည်


ပုဂံယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ စာရင်းနှင့် အနုလက်ရာများ စာရင်းကောက်ယူမှုကို ၂၀၁၆ ခုနှစ် မေလအပြီး ဆောင်ရွက်ရန် အချိန်လျာထား သတ်မှတ်ထားကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

“ပုဂံမှာ အဆောက်အအုံချည်းပဲ ၃၀၀၀ ကျော်ရှိတယ်။ အခုမှ စလုပ်တုန်း ရှိသေးတယ်။ အဖွဲ့တွေခွဲပြီး ဆောင်ရွက်နေတယ်။ များသောအားဖြင့် ဌာနက လူတွေပဲ ကောက်တာပါ။ သုတေသန လုပ်ပေးဖို့ကတော့ မသေချာသေးဘူး” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဆိုသည်။
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်လျက်ရှိသော ပုဂံယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ တစ်ခုချင်းစီမှ အနုလက်ရာများ၊ အပျက်အစီးများနှင့် ယင်းအဆောက်အအုံနှင့် ပတ်သက်သော အချက်အလက်များကို အသေးစိတ်ကောက်ယူမှုများ ပြုလုပ်နေပြီး ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။
ပုဂံယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းကောက်ယူရာတွင် ပျက်စီးမှု အခြေအနေနှင့် သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်မှု အခြေအနေများကို ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရာ ပုဂံဘုရားပေါင်း ၇၅ ဆူ ပြီးစီးထားကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

Credit To >>> The Voice

0 comments:

Post a Comment