မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အများဆုံးဖမ်းဆီးရမိခဲ့သည့်
စိတ်ကြွဆေးပြားအမှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ
ရေလုပ်ငန်းရှင်အချို့၏ ပိုင်ဆိုင်မှုအထောက်အထားများကို
စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း နေပြည်တော် မူးယစ်တားဆီးနှိမ် နင်း
ရေးတပ်ဖွဲ့မှ စုံစမ်းသိရသည်။
ယင်းကဲ့သို့စစ်ဆေးရာတွင်
မူးယစ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ မြို့နယ်၊ ခရိုင်၊ တိုင်းတို့ပါဝင်သော
ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ် သွားမည်ဖြစ်ပြီး
ရေလုပ်ငန်းအမည်ခံကာ မူးယစ်ဆေးဝါးသတင်းနှင့် ကျော် စောသတင်းရှိပြီး
ရောင်းဝယ်ပတ်သက်မှုများရှိသည့် ရေလုပ်ငန်းရှင်အချို့ ၏ ပိုင်ဆိုင်မှု၊
ရင်းနှီးလုပ်ကိုင်စားသောက်မှု၊ မိသားစုများ၏ ပိုင်ဆိုင်မှုအ ထောက်အထားများကို
စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်မူးယစ်တားဆီး
နှိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ''စံချိန်တင်စိတ်ကြွဆေးပြား
ဖမ်းမိတဲ့ကိစ္စမှာ ရေလုပ်ငန်းအမည် ခံထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်း
လုပ်နေတဲ့ကုမ္ပဏီတချို့ ပါဝင်ပတ် သက်မှုရှိတယ်။
ရခိုင်ပြည်နယ်ကပဲ။မူးယစ်ကိစ္စတွေနဲ့ပတ်သက်ပြီး ကျော် စောနာမည်ထွက်နေတဲ့
ရေလုပ်ငန်း ဗန်းပြထားတဲ့ လုပ်ငန်းရှင်တချို့ရဲ့ ပိုင်ဆိုင်မှုတွေကို
စစ်ဆေးသွားမှာပါ။ ရခိုင်ပြည်နယ်ထဲက ရေလုပ်ငန်းအ မည်ခံထားတဲ့
လုပ်ငန်းရှင်တချို့ပါ။ဘယ်အချိန်စစ်မလဲဆိုတာကိုတော့ အတိအကျမပြော
နိုင်သေးဘူး။ အ ခြေအနေကို ကြည့်ပြီးလုပ်ဆောင်သွား မှာပါ''ဟု ပြောသည်။
ယခုဖမ်းဆီးထားသော ကုလား တန်ဖွံ့ဖြိုးရေးစီမံကိန်း၏ မန်နေး ဂျင်းဒါရိုက်
တာမင်းဦးခိုင်ကိုစစ်ဆေး ချက်များအရ ယခုကဲ့သို့ ထပ်မံစစ် ဆေးသွား မည်ဖြစ်ကာ
ယခင်နှစ်နှစ် ခန့်က မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုဖြင့် ဖမ်းဆီးထားသော
Natural Force ကုမ္ပဏီပိုင်ရှင်ရဲထွန်း ကျော်အမှုနှင့်လည်း ဆက်စပ်မှုရှိမရှိ
ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ စံချိန်တင်မူးယစ်
ဆေးဝါးဖမ်းဆီးရမိမှုနှင့် ပတ်သက် ပြီး ဖမ်းဆီးထားသူ မန်နေးဂျင်းဒါရိုက်
တာအပါအဝင် စုစုပေါင်းကိုးဦးရှိပြီး အဓိကပါဝင်ပတ်သက်သူ ၁၁ ဦးမှာ
ထွက်ပြေးနေသေးကြောင်း မူးယစ် တားဆီးနှိမ်နင်းရေး(ရန်ကုန်)မှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ နေ အိမ်နှစ်အိမ်မှ စက်တင်ဘာနောက်ဆုံးပတ်က
စိတ်ကြွဆေးပြားပေါင်း ၅ရ သိန်းကျော်နှင့် အိုက်စ်အမျိုးအစား
မူးယစ်ဆေးဝါးများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင်
မင်းဦးခိုင်စစ်ချက် များအရ မင်္ဂလာဒုံတွင် ကွန်တိနနာ တစ်စီးပေါ်မှတွေ့ရှိရသည့်
စိတ်ကြွ ဆေးပြားများမှာ တရုတ်နိုင်ငံသို့ ရေ လမ်းကြောင်းမှ ငါး၊
ပုစွန်များအကြား ထည့်ကာ တင်ပို့မည့် စိတ်ကြွဆေး ပြားများဖြစ်ပြီး ၎င်းတို့ကို
အိန္ဒိယ နိုင်ငံမှ ဝယ်ယူခဲ့သည်ဟု စစ်ဆေး တွေ့ရှိရကြောင်း မူးယစ်တားဆီးနှိမ်
နင်းရေးတပ်ဖွဲ့မှ သိရသည်။
ဇူလိုင် ၂၆ ရက်က အောင်
မင်္ဂလာကားဝင်းအနီးရှိ ကွန်တိန်နာယာဉ်ပေါ်မှ သိမ်းဆည်းရမိခဲ့သော
စံချိန်တင်စိတ်ကြွဆေးပြား ၂၆ဒသမ ရသန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၃ ဒမသ ၅
ဘီလီယံကျပ်တန်ဖိုး ကို သိမ်းဆည်းရမိပြီးနောက်တွင်
မော်တော်ယာဉ်အမျိုးအစားနှင့် ယာဉ် နံပါတ်များကိုတွေ့ရှိခဲ့ပြီး ယာဉ်ပိုင်
ရှင်ကိုစုံစမ်းစစ်ဆေးရာတွင် ဒဂုံမြို့ သစ်မြောက်ပိုင်း၊ ၄၃ ရပ်ကွက်၊ ဇွဲ
ကပင်လမ်း၊ အမှတ် ၁၁၁၃ နေအိမ် မှ ကုလားတန်ဖွံ့ဖြိုးရေးစီမံကိန်း
နှင့်ပတ်သက်သော စာရွက်စာတမ်း များကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ကုမ္ပဏီမှ
စိတ်ကြွဆေးပြားပေါင်း မြောက်မြားစွာ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
Credit To >>> Democracy
Monday, September 28, 2015
မြန်မာနိုင်ငံတွင် အများဆုံးဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ ရေလုပ်ငန်းရှင်အချို့၏ပိုင်ဆိုင်မှုများကို စတင်စစ်ဆေးတော့မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment