မန္တ လေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း
ကျောက်မဲဝန်းကျင်ဒေသသို့ စီးလုံး ငှားမော်တော်ယာဉ်များဖြင့် နိုင်ငံ
ခြားသားဧည့်သည်များ သွားလာမှု များပြားလာခြင်းကြောင့် အဆိုပါ အငှားယာဉ်များ
တွက်ခြေကိုက်အဆင် ပြေနေကြောင်း ယာဉ်မောင်းများထံ မှသိရှိရသည်။
''နိုင်ငံခြားခရီးသွားတွေက အရင်က မီးရထားစီးကြတယ်။ ဒီနှစ် ထဲမှာတော့
မီးရထားနဲ့သွားတာ ထက် စီးလုံးငှားမော်တော်ယာဉ်တွေ နဲ့ ပိုပြီးသွားတာကြောင့်
စီးလုံးအ ငှားယာဉ်တွေ တွက်ခြေကိုက် အဆင် ပြေကြတယ်''ဟု ပြင်ဦးလွင်မြို့ရှိ
စီးလုံးငှားယာဉ်အသင်းမှ ဦးအောင် ဝင်းက ပြောသည်။
နိုင်ငံခြားခရီးသွားများသည် ပြင်ဦးလွင်မြို့မှ မီးရထားဖြင့် နောင်
ချိုမြို့အနီးရှိ ဂုတ်ထိပ်တံတားသို့ သွား ရောက်ကြကာ အနီးဆုံးဘူတာဖြစ် သော
စခန်းသာဘူတာ၊ ကျောက်မဲ ဘူတာ၊ သီပေါဘူတာများမှတစ်ဆင့် သီပေါမြို့ရှိ
သိန်းနီစော်ဘွားကြီး၏ ဟော်နန်း၊ ဘော်ကြိုဘုရား၊ ရှမ်းရွာ ပလောင်ရွာ၊
ဓနုရွာများသို့ နေ့ချင်း ပြန် သွားလာလေ့ရှိကြောင်း သိရသည်။
''မီးရထားစီးပြီး မြင်ရတဲ့ရှုခင်း တွေနဲ့ မော်တော်ကားနဲ့သွားလို့မြင်
ရတဲ့ရှုခင်းတွေက နည်းနည်းကွာခြား တယ်။ ပြီးတော့ အနီးနားဝန်းကျင်
ကိုလည်ပတ်ဖို့ ရထားနဲ့သွားမယ်ဆို ရင်အချိန်မရဘူး။ ကားနဲ့ဆိုတော့
အနီးဝန်းကျင်ကို သွားနိုင်တယ်၊ အချိန်ပိုရတယ်။ ပြီးတော့ မော် တော်
ကားလမ်းရှိတဲ့ ဂုတ်ထိပ်တံ တားဘက်လမ်းက တောင်တက်၊ တောင်ဆင်း အကွေ့အကောက်တွေ
နဲ့ဆိုတော့ နိုင်ငံခြားသားတွေက ပိုပြီး စိတ်ဝင်စားမှုရှိတယ်''ဟု
ပြင်ဦးလွင်မြို့မှ ခရီးသွားလမ်းညွှန်တစ်ဦး ဖြစ်သူ မသဲချစ်စုကပြောသည်။
နိုင်ငံခြားသားခရီးသွားများအနေဖြင့် ကားငှားရမ်းပါက ကားသုံးစီး၊ လေး
စီးခန့်ကို တစ်ပြိုင်နက်တည်း အုပ်စုလိုက် ငှားရမ်းကြခြင်းဖြစ်ကာ
ယာဉ်မောင်းများအနေဖြင့် လားရှိုး-ပြင်ဦးလွင်ခရီးအတွက် ငှားရမ်းခကို
တွက်ချက်ယူကြခြင်းဖြစ်သောကြောင့် တွက်ခြေကိုက်ကြောင်း အငှားယာဉ် မောင်း
ကိုကျော်ကျော်ကပြောသည်။
နိုင်ငံခြားသားခရီးသွားများမှာ
ပြင်ဦးလွင်ဘူတာမှ မီးရထားစီး၍ ဂုတ်ထိပ်တံတားကိုဖြတ်ကျော်ပြီး နောက်
စခန်းသာ၊ နောင်ပိန်၊ ကျောက်မဲ၊ သီပေါဘူတာအထိ လိုက်ပါသွားကြ ကာ အပြန်ခရီးကို
စီးလုံးငှားမော် တော်ယာဉ်များဖြင့် ပြန်လာကြကြောင်း သိရသည်။
''နိုင်ငံခြားသားတွေက ပြင်ဦး လွင်ဘူတာက နံနက် ၈ နာရီလောက် မှာ
ရထားနဲ့လိုက်သွားကြတယ်။ ကျောက်မဲဘူတာမှာဆင်းပြီး ကျောက် မဲ၊ သီပေါနဲ့
အနီးအနားသွားကြတယ်။ အပြန်ခရီးအတွက်စီးလုံးငှားလိုက် တဲ့ ကျွန်တော်တို့က
ကားအလွတ် တက်သွားရတယ်။ ရထားရောက်မယ့် အချိန်မှန်းပြီး ကြိုစောင့်ရတယ်။
ဒါကြောင့် ဝင်ငွေကောင်းပြီး တွက် ခြေကိုက်တာပေါ့''ဟု ယာဉ်မောင်း
ကိုမောင်နိုင်ကပြောသည်။
နိုင်ငံခြားသားခရီးသွားများမှာ
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ ယခင်နှစ်များကထက် ပိုမိုလာရောက်
လည်ပတ်မှုများရှိပြီး ၂၀၁၅ ခုနှစ် မေလအထိ နိုင်ငံခြားသားခရီးသွား ၁၀၈၅၂ ဦး
ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှသိရသည်။
Credit To >>>> Democracy News
Thursday, September 17, 2015
ပြည်ပခရီးသွားဧည့်သည်သွားလာမှုများခြင်းကြောင့် စီးလုံးငှား မော်တော်ယာဉ်များ တွက်ခြေကိုက်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment