Monday, September 7, 2015

ဒီချုပ်နှင့် ပြည်ခိုင်ဖြိုး နှစ်ပါတီတည်း ထိပ်တိုက်ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ၂၄ ခုရှိ

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အဓိကအင်အားကြီး ပါတီနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှစ်ခုတည်း ယှဉ်ပြိုင်ရမည့်မဲဆန္ဒနယ်မှာ တစ်နိုင်ငံလုံးတွင် ၂၄ခုထိရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်၏ကိုယ်စားလှယ်လောင်း စာရင်းချုပ်မှ သိရသည်။

ယင်းပါတီနှစ်ခုတည်း ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်များအတွက် ရှစ်နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် များအတွက် နှစ်နေရာ၊ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်အတွက် တစ် နေရာ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မဲဆန္ဒနယ်များအတွက် ၁၃ နေရာ၊ စုစုပေါင်း  ၂၄ နေရာဖြစ်သည်။
ထို့ပြင် အဆိုပါဒီချုပ်နှင့်ပြည် ခိုင်ဖြိုးပါတီနှစ်ခုအပြင် အခြား ပြိုင်ဘက်တစ်ဦးတည်းသာ ပါဝင် သည့် မဲဆန္ဒနယ်စုစုပေါင်း ၁၀၂ ခုရှိကြောင်း ကော်မရှင်၏ ကိုယ် စားလှယ်လောင်းစာရင်းချုပ်မှ သိ ရသည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်များအတွက် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဘုတလင်၊ မင်း ကင်း၊ ကနီ၊ လေရှီး၊ လဟယ်၊ နန်းယွန်း၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် သရက်ချောင်းနှင့် ရန် ကုန်တိုင်းဒေသကြီးတွင် ကိုကိုး ကျွန်း စုစုပေါင်း ရှစ်မြို့နယ်၌ နှစ် ပါတီတည်း ယှဉ်ပြိုင်ရမည် ဖြစ် သည်။
ကိုကိုးကျွန်းတွင် ဒီချုပ်၏ ပြိုင်ဘက်မှာ မကြာသေးမီက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်(ရေ)မှ အငြိမ်းစားယူခဲ့သည့် သူရဦးသက်ဆွေဖြစ်ပြီး ကိုကိုး ကျွန်းမှာ တပ်မတော်မိသားစုအ များစုနေထိုင်သည့် မဲဆန္ဒနယ်ဖြစ် ၍ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးမင်းဝင်းအတွက် အကျပ်အ တည်းဖြစ်နိုင်သည်ဟု လေ့လာသူ တစ်ဦးကဆိုသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်များအတွက်မူ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ် မှတ်ထားသော စစ်ကိုင်းတိုင်းဒေ သကြီးမဲဆန္ဒနယ်အမှတ်(၁၂)နှင့် မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၂)တွင် နှစ်ပါတီအပြိုင် နွှဲရမည်ဖြစ်သည်။
ဝေးလံခေါင်ဖျားဒေသဖြစ် သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ ဒီချုပ်၏ပြိုင်ဘက်မှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးရူစံကြူးဖြစ်သည်။ ဦးရူ စံကြူးသည် ၂၀၁၀ ရွေးကောက်ပွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မဲဆန္ဒနယ်(၁)မှ ပြည်ခိုင် ဖြိုးကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်ခဲ့သူဖြစ်ပြီး ၂၀၁၅ တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် သို့ ပြောင်းလဲယှဉ်ပြိုင်ခြင်းဖြစ် သည်။
မန္တလေးတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁၂)တွင်မူ ကြား ဖြတ်တွင် ပြင်ဦးလွင်၌ အနိုင်ရရှိ ခဲ့သော ဒီချုပ်မှ ဦးကျော်သီဟနှင့် ပြည်ခိုင်ဖြိုးကိုယ်စားပြု ဦးဌေး မောင်တို့နှစ်ဦး ယှဉ်ပြိုင်ရမည်ဖြစ် သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် မဲဆန္ဒနယ်များတွင် နှစ်ပါတီသာ အပြိုင်နွှဲရမည့် စစ်ကိုင်းတိုင်းဒေ သကြီးမင်းကင်းအမှတ်(၁)၊ လေ ရှီးအမှတ်(၁)နှင့်(၂)၊ လဟယ်အ မှတ်(၁)နှင့်(၂)၊ နန်းယွန်းအမှတ် (၁)နှင့် (၂)တို့ဖြစ်သည်။ မကွေး တိုင်းဒေသကြီးတွင် ထီးလင်းအ မှတ်(၁)၊ မန္တလေးတိုင်းဒေသကြီး တွင် မလှိုင် အမှတ်(၁)တို့ ဖြစ် သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မူ ကိုကိုးကျွန်းအမှတ်(၂)၊ ဒလအ မှတ်(၁)နှင့်(၂)၊ ဆိပ်ကမ်းအမှတ် (၂)တို့ ဖြစ်ကြသည်။ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကချင်ပြည်နယ်၌ ရဝမ်တိုင်းရင်း သားလူမျိုး ဝန်ကြီးနေရာကို ယင်းပါတီနှစ်ခုကပင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ် စုစု ပေါင်း ၁,၁၇၁ နယ်သတ်မှတ်ထား ပြီး ဒီချုပ်ကိုယ်စားလှယ်လောင်း များက ၁,၁၅၁ နယ် ဝင်ပြိုင်ရန် စာရင်းတင်သွင်းထားကာ ရှစ်ဦး ကန့်ကွက်ခံရသည်။ ပြည်ခိုင်ဖြိုး ကမူ ၁,၁၃၄ ဦး စာရင်းတင်သွင်း ထားပြီး တစ်ဦးမျှ ကန့်ကွက်မခံရ ပေ။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment