Thursday, September 17, 2015

မထသယာဉ်လိုင်းများရှိ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအတွက် စည်းကမ်းပိုင်းနှင့် လူမှုဆက်ဆံရေးများကို လေ့ကျင့် သင်ကြားပေးလျက်ရှိသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဆက်လက်ဖြစ်ပွားနေဟုဆို

မထသယာဉ်လိုင်းများရှိ ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက်များအတွက် စည်းကမ်းပိုင်းနှင့် လူမှုဆက်ဆံရေး များကို လေ့ကျင့်သင်ကြားပေးလျက် ရှိသော်လည်း လိုက်နာမှု အားနည်း ခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဆက်လက်ဖြစ် ပွားနေခြင်းဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။

မထသ(ဗဟို) လက်အောက်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအနေဖြင့် သတ်မှတ်လိုင်စင်ဖြင့် မောင်းနှင်မှုမရှိခြင်း၊ သတ်မှတ်ချိန် အတွင်း မောင်းနှင်မှုမရှိခြင်းတို့ ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွား ရခြင်းဖြစ်ကြောင်း မထသ (ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။
ဦးလှအောင်က ''ယာဉ်မတော် တဆမှုတွေက ယာဉ်ကြောင့် ဖြစ် သလို၊ လူကြောင့်ဖြစ်တာလဲရှိတယ်။ သင်တန်းတွေပေးပေမယ့် လိုက်နာမှု အားနည်းတဲ့အတွက် ယာဉ်မတော် တဆမှုတွေဖြစ်တာပါ''ဟု ပြောသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်များ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရေးယူဆောင်ရွက်လျက်ရှိပြီး ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် လူ သေဆုံးခဲ့ပါက ယာဉ်ကို ခြောက်လ ပိတ်သိမ်းခြင်းနှင့် ယာဉ်လိုင်းတွင် ပါဝင်သည့် ယာဉ်များကို အချိန်အကန့်အသတ်ဖြင့် ပိတ်သိမ်းခြင်းများ ကို ပြုလုပ်ကြောင်း သိရသည်။
လက်ရှိတွင် မထသ(ဗဟို)အ နေဖြင့် ယာဉ်စည်းကမ်းလိုက်နာမှု တိုးမြှင့်ရေးအတွက် ယာဉ်လုပ်သား မွမ်းမံခြင်း သင်တန်းပေါင်း (၉၅)ကြိမ်ပြုလုပ်ခဲ့ပြီး ယာဉ်လုပ်သားတစ် သောင်းကျော်ကို သင်တန်းပို့ချပေးခဲ့ ကြောင်း သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment