Tuesday, September 1, 2015

မွေးမြူရေးလုပ်ငန်းရှင်များ မိုးကြီးမည်ကိုစိုးရိမ်၍ ကြက်များကို ရောင်းချလာ ဈေးကွက်အတွင်း ကြက်ဝင်ရောက်မှုများကာ ကြက်သားဈေးနှုန်းများ ကျဆင်း

-ကြက်မွေး မြူရေးလုပ်ငန်းရှင်များအနေဖြင့် မိုးကြီးမည်ကိုစိုးရိမ်၍ ကြက်များကို ရောင်းချလာသဖြင့် ဈေးကွက်အ တွင်း ကြက်ဝင်ရောက်မှုများကာ ကြက်သားဈေးနှုန်းများကျဆင်းလာ ကြောင်း သတင်းရရှိသည်။

ကြက်မွေးမြူရေးလုပ်ငန်းရှင်များသည် ရာသီဥတုအခြေအနေကြောင့် ရေ ကြီးရေလျှံမှုများဖြစ်ကာ ဆုံးရှုံးမှုမဖြစ်စေရန်ကြက်များကို ဈေးကွက်အတွင်းသို့ ပိုမိုတင်ပို့ရောင်းချ လာခြင်းကြောင့် ကြက်သားဈေး နှုန်းမှာတစ်ပိဿာလျှင် ကျပ် ၅၀၀ နီးပါးကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
ကြက်ရောင်းဝယ်ရေးလုပ်ငန်း ရှင်ဦးမင်းမင်းက''ကြက်သားက အဝင်အနည်းအများပေါ် မူတည်ပြီး ဈေးကအတက်အကျဖြစ်နေ တာ။အခုကအဝင်များလို့ ဈေးကကျနေ တယ်။ ကြက်မွေးမြူသူတွေက ရေ ကြီးတော့ ကြက်တွေကိုထုတ်ရောင်း တဲ့အတွက် ဈေးကွက်မှာ အဝင်များပြီး ဈေးကကျလာတာပါ''ဟု ပြောသည်။
ယခင်ကြက်သားလက်ကား ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကျပ် ၃၁၀၀ ရှိသော်လည်း လက်ရှိတစ်ပိဿာလျှင်ကျပ်၂၆၅၀၊ ကျပ် ၂၆၀၀ သို့ကျဆင်းလာသော်လည်းလက်လီဈေးတွင်တစ်ပိဿာ လျှင်ကျပ် ၆၀၀၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။
သာကေတမြို့နယ်တွင်နေထိုင် သောအိမ်ရှင်မတစ်ဦးက''ကြက် သားကဒီမနက်ဈေးမှာဝယ်ရတာ ကျပ် ၆၀၀၀၊ ကြက်မာသားက ကျပ် ၇၀၀၀ ရှိတယ်။ တခြားဈေးသည်တွေ မှာကျပ် ၄၀၀၀၊ကျပ် ၅၀၀ဝနဲ့ ရောင်း တာတွေလဲရှိတယ်။ ကြက် ဈေးတွေကျတယ်ဆိုပေမယ့် ဈေးမှာ ဝယ်တဲ့အခါ ဈေးကကြီးတာက ကြီး တာပဲဈေးပြန်မကျဘူး''ဟု ပြောသည်။
ယင်းအပြင်ယခင်လများတွင် ပြည်တွင်းကြက်သားဈေးနှုန်းမြင့် တက်နေခြင်းကြောင့် ပြည်ပနိုင်ငံ များမှကြက်သားများ ပြည်တွင်းသို့ တင်သွင်းလာခြင်းများရှိသဖြင့် ဈေး ကွက်တွင် ကြက်သားဝင်ရောက်မှု များကာ ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
Credit to >>>Yangon Media Group

0 comments:

Post a Comment