Monday, August 31, 2015

ကမ္ဘာ့နိုင်ငံတွေက အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းမြှင့်တင်မှာကို အချိန်မဆိုင်းစေလို



ကမ္ဘာအရပ်ရပ်က ဗဟိုဘဏ်တွေက အမေရိကန်မှ စက်တင်ဘာလအတွင်းအတိုးနှုန်းမြှင့်တင်မယ်ဆိုခြင်းကို အချိန်မဆိုင်းစေလိုဘဲ အမေရိကန်ဗဟိုဘဏ်အနေနဲ့ ဘယ်လိုပြောင်းလဲမှုမျိုးမှ မလုပ်စေလိုကြောင်း သိရပါတယ်။

အရင်တစ်ပတ်က Jackson Hole မှာ ပြုလုပ်ခဲ့တဲ့ ဗဟိုဘဏ်များအစည်းအဝေးအတွင်း အမေရိကန်ဗဟိုဘဏ် အနေနဲ့ ဒေါ်လာဈေးကို တိုးမြှင့်ပြီး ငွေကြေးဈေးနှုန်း ခိုင်မာအောင် ပြုလုပ်မည်ဆိုခြင်းကို အသင့်အနေအထား ဖြင့်ရှိနေ
ကြောင်း အစည်းအဝေးတက်ရောက်သော ဥပဒေပြုသူတွေက ပြောကြားခဲ့တာဖြစ်ပါတယ်။
Dow အညွှန်းကိန်းမှ သြဂုတ် ၃၁ ရက်မှာ ပွိုင့် ၁၀၀၀ ကျဆင်းခဲ့ပြီးနောက် တရုတ်မှ စီးပွားရေး ကျဆင်းခဲ့တဲ့ ဈေးကွက် ကမောက်ကမဖြစ်နေတဲ့အချိန်မှာ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အဆုံးမှာ ကုန်သွယ်
မှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ဗဟိုဘဏ်မှ စက်တင်ဘာ အတိုးနှုန်း တိုးမြှင့်ခြင်းကို ဖယ်ရှားနိုင်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
မက္ကဆီကို ဗဟိုဘဏ်မှ Agustin Carstens က အမေရိကန်မှ အတိုးနှုန်းမြှင့်တင်တာက မက္ကဆီကို နိုင်ငံငွေကြေးတန်ဖိုး မြင့်တက်ဖို့ တွန်းအားပေးသလိုဖြစ်နေပေမယ့် စီးပွားရေး ပြန်လည်ခိုင်မာဖို့ လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့
ပါတယ်။ "ဒါဟာ ကောင်းသတင်းပါပဲ"လို့ သူက ပြောကြားခဲ့ပါတယ်။
Credit to : SFJ Weekly

0 comments:

Post a Comment