Tuesday, July 14, 2015

ကယားပြည်နယ် ၀န်ကြီးချုပ်ကို ပါတီက အနားပေးဟု ပြည်ခိုင်ဖြိုး ထုတ်ပြန်

ပါတီတွင်းစည်းလုံးညီ ညွတ်မှု မတည်ဆောက်နိုင်သဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦး ခင်မောင်ဦးကို ပါတီဝင်အဖြစ်မှ အနားပေးရန်  ဆုံးဖြတ်လိုက် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သ တင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၁၃ ရက်တွင် သတင်းထုတ်ပြန် သည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင် ဦးသည် ပြည်နယ်၏ ပါတီအကြီး အကဲဖြစ်သော်လည်း ပါတီအပေါ် ဦးဆောင်ဦးရွက် မပြုနိုင်ဘဲ ပါတီ တွင်းစည်းလုံးညီညွတ်မှု မတည် ဆောက်နိုင်သည့်အပြင် ၎င်း၏ ဆောင်ရွက်ချက်များကြောင့် ပါတီ တွင်း စိတ်ဝမ်းကွဲပြားမှုများနှင့် ပါ တီ၏ စည်းရုံးရေးလုပ်ငန်းများတွင် ထိခိုက်မှုရှိလာခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းအဖြစ် လျာထားသတ်မှတ် ရန် ပါတီဌာနချုပ်က ချမှတ်ပေး ထားသည့် မူဝါဒများကို ၎င်းကိုယ် တိုင်လိုက်နာဆောင်ရွက်ရန် ပျက် ကွက်ခဲ့ပြီး အဆိုပါကိစ္စအပေါ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၏ ဆုံးဖြတ်ချက်အရ စုံစမ်းစစ် ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေး၍စစ်ဆေးစေခဲ့သည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ် ဆေးနေစဉ်  ကာလအတွင်း  ဇွန်လ ၂၈ ရက်တွင်ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပါတီဝင်တစ်ဦးအဖြစ်မှလည်းကောင်း နုတ်ထွက်ခွင့်ပြုရန် ဦးခင်မောင်ဦး က စာဖြင့်ရေးသားတင်ပြလာခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ထည့် သွင်းထားသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် သည် ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် နုတ်ထွက်ပြီးနောက် ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ် ပြိုင်ဖွယ်ရှိသည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။ ပြီးခဲ့သည် ရက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးလေးဦးနှင့် ၀န်ကြီးချုပ်တို့ပါတီမှ နှုတ်ထွက်ခဲ့ကြသည်။

Credit to : 7Day News

0 comments:

Post a Comment