အာဏာပိုင် အဖွဲ့အစည်းများ၏ ဖိအားပေးမှုများနှင့် အဂတိလိုက်စားမှု များကြောင့်
ခေတ်အဆက်ဆက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အလွယ်တကူ ထုတ်ပေးခဲ့ပြီး
မှားယွင်းမှုများ ရှိနေကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဝန်ခံပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက နိုင်ငံသားမိဘနှစ်ပါး မှ မွေးဖွားသည့် သားသမီးများက
နိုင်ငံသားကတ် အလွယ်တကူ ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်သည့်
မေးခွန်းကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင်
မေးမြန်းရာ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲ မဲပေးခွင့်ရရန် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ရာတွင် သေချာစွာ စိစစ်နိုင်ခြင်း မရှိသဖြင့်
မွေးရာပါ တိုင်းရင်းသား မဟုတ်သူများလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် မွေးရာပါ တိုင်းရင်း သားဖြစ်ပါက
အများဆုံးကြာမြင့်ချိန် ၂၈ ရက်အတွင်း ထုတ်ပေးရန်နှင့် ဥပဒေအရ
နိုင်ငံသားသွေးနှောများ ဖြစ်ပါက အထောက်အထား စုံလင်မှု၊
ရုံးမှတ်တမ်းစစ်ဆေးခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးများထံ
(Case by Case) တင်ပြရခြင်းများကြောင့် အချိန်ကြာမြင့်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ယခုအစိုးရသစ် လက်ထက်၌ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရသက်သေခံ
ကတ် မရှိသူ အသက် ၁၀ နှစ်အထက် လူဦးရေ ၁၁ သန်းကျော် အနက် မိုးပွင့်စီမံကိန်း (၇) အရ ၂၀၁၅ ခုနှစ် ပထမခြောက်လ အထိ မွေးရာပါ
နိုင်ငံသား ၆ ဒသမ ၄ သန်းကျော် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးပြီး
ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။
Credit to >>>The Voice
Friday, July 17, 2015
အဂတိလိုက်စားမှုများကြောင့် နိုင်ငံသားစိစစ်ရေးကတ် အလွယ်တကူ ထုတ်ပေးမှုများ ရှိခဲ့ဟု လဝက ဒုဝန်ကြီး ဝန်ခံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment