
မန္တလေးတောင် တောင်တက်လမ်းများကို လမ်း အကျယ်ငါးပေမှ ဆယ်ပေအထိ
ထပ်မံချဲ့ထွင် ပြုပြင်မည်ဟု မန္တလေးတောင်တော် ဂေါပကအ ဖွဲ့ထံမှ
သတင်းရရှိသည်။
မန္တလေးတောင်တက်လမ်း တွင် အကွေ့ခုနစ်ကွေ့နှင့်တောင် ဆင်းလမ်း၌
လေးကွေ့ရှိပြီးအချို့ နေရာများတွင် ကျဉ်းမြောင်းနေ၍ လမ်းအကျယ်ကိုငါးပေမှ
ဆယ် ပေအထိချဲ့ထွင်မည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပက အဖွဲ့မှ
တာဝန်ရှိသူများက ပြော သည်။
‘‘တချို့နေရာတွေမှာ လမ်း ကအရမ်းကျဉ်းတယ်။ ပြည်တွင်း၊ ပြည်ပဧည့်သည်တွေ
တောင်ပေါ် တက်လာတဲ့အခါ အန္တရာယ်မရှိ အောင်လို့ပါ။ စည်ပင်သာယာကို တော့
တင်ပြထားတယ်။ အလှူ ငွေကောက်ခံပြီး ပြုပြင်သွားမယ်’’ ဟု မန္တလေးတောင်တော်
ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြော သည်။
တောင်တက်တောင်ဆင်း လမ်းမှာ ပေပေါင်း ၁၄,၀၀၀ ကျော် ရှည်လျားပြီး
လမ်းထပ်ပိုး ပြန်ခင်းကာ ညီညာအောင် ချဲ့ ထွင်မည်ဖြစ်ကြောင်း၊ အကွေ့ များတွင်
တောင်ကမ်းပါးယံကို အနည်းငယ်ဖြိုချကာ ဖောက်လုပ် ရမည်ဖြစ်ပြီး တောင်ဧရိယာမ
ပျက်အောင် ဆောင်ရွက်မည်ဖြစ် ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိ သူများကပြောသည်။
မန္တလေး တောင်တက်လမ်း များ ပြုပြင်ရန် တိုင်းထွာမှုများ ပြုလုပ်ထားပြီး
မည်သည့်ကာလ တွင် စတင်ပြုပြင်နိုင်မည်ကို မ ပြောနိုင်သေးကြောင်း
မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မ တီလမ်းတံတားဌာနမှူး ဦးမျိုး
အောင်က ပြောသည်။
ယခုအချိန်သည် ကျောင်း ဖွင့်ရာသီဖြစ်၍ မန္တလေးတောင် ပေါ်သို့
လာရောက်လည်ပတ်သူ နည်းပါးနေပြီး သြဂုတ်လအတွင်း
တောင်ပြုံးပွဲတော်ရှိသည့်အတွက် ဧည့်သည်အ၀င်များလာနိုင် ကြောင်း
မန္တလေးတောင်တော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
မန္တလေးတောင်ပေါ်သို့ နေ့ စဉ် ပြည်ပဧည့်သည့် ၃,၀၀၀ ခန့်နှင့်
ပြည်တွင်းဧည့်သည် ထောင်ချီလာရောက်လည်ပတ် လေ့ရှိသည်။ တောင်ပေါ်သို့ ကား နှင့်
ဆိုင်ကယ်များဖြင့် တက် ရောက်နိုင်ပြီး နှစ်တန်အထက် ယာဉ်များ
တက်ရောက်ခွင့်မပြု ပေ။ နိုင်ငံခြားသားအများစုသည် ညနေ ၄ နာရီခန့်မှ
စတင်ကာနေ၀င်ချိန်ကြည့်ရန် လာရောက် လေ့ရှိသည်။ မန္တလေးတောင် ပေါ်တွင်
ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွား တော်ကြီးအပါအ၀င် ဘာသာရေးအရ အထွတ်အမြတ်ထားသည့်
သမိုင်းဝင်နေရာများစွာရှိသည်။ မန္တလေးတောင်တော်ပေါ် သို့
ပြည်တွင်းဧည့်သည်များမှာ ဘာသာရေးအရ တက်ရောက် ခြင်းများအပြင် ကျန်းမာရေးအရ
တက်ရောက်သူလည်း များစွာရှိ သည်။
Credit to>>>7Day Daily
Thursday, July 16, 2015
မန္တလေးတောင်တက်လမ်းများချဲ့မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment