တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်
စောင်းကောက်ကျွန်း(ဒယ်အိုးကျွန်း)တွင် ၀င်ရောက် ခိုလှုံနေသည့် လှေစီးပြေး
ဘင်္ဂလီလူမျိုး ၁၀၂ ဦးကို တပ်မတော် (ရေ)က ပြီးခဲ့သည့် ရက်ပိုင်း က
ဖမ်းဆီးရမိကြောင်း စစ်တပ်ပိုင် မြ၀တီ သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသူများကို စစ်ဆေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကျပန်းနှင့်
အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး လူသုံးဦးက မလေးရှားနိုင်ငံတွင်
အလုပ်အကိုင်နှင့် လစာကောင်းကောင်း ရမည်ဆိုကာ ပြောဆို စည်းရုံး၊
ခြိမ်းခြောက် ခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားပြီး၊ ယခုအခါ
တပ်မတော်က စောင်းကောက် ကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်း များအား
ဆက်လက်ရှင်းလင်းရှာဖွေ လျက်ရှိပြီး၊ ထိန်းသိမ်းရရှိသည့် ဘင်္ဂါလီလူမျိုး ၁ဝ၂
ဦးအား ဘင်္ဂလား ဒေ့ရှ် နိုင်ငံ သို့ ပြန်လည် ပို့ဆောင်နိုင် ရေး
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဟု ဖော်ပြထားသည်။
Credit to >>>The Irrawaddy
Credit to >>>The Irrawaddy
0 comments:
Post a Comment