Wednesday, April 8, 2015

ရန်ကုန်တွင် ခိုးမှုတရားခံပြေး အများဆုံးရှိနေ

 ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရန် ကျန်ရှိသည့် တရားခံ ပြေးများတွင် ခိုးမှုဖြင့် ထွက်ပြေး နေသော တရားခံများပိုမိုများပြား ပြီး စီမံချက်များနှင့် ထပ်မံဖမ်းဆီး နေကြောင်း သတင်းရရှိသည်။


ခိုးမှုအပြင် လူသတ်မှု၊ လု ယက်မှု၊ ဖောက်ထွင်းမှုအချို့မှာ ဖမ်းဆီးရမိခြင်းမရှိသေးသော် လည်း မုဒိမ်းမှုကျူးလွန်သူများကို ဖမ်းဆီးရမိမှုများကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှအကြီးတန်းအရာရှိတစ်ဦးကပြော ကြားသည်။

‘‘တရားခံပြေးစာရင်းအရဆို ရင် အရင်စာရင်းထက် ခုလက်ရှိ စာရင်းက ပိုများလိမ့်မယ်ထင် တယ်။ တစ်ပတ်ကို မြို့နယ်တစ် မြို့နယ်က တရားခံပြေး လေး ယောက်ဖမ်းပေးရတယ်။ မဖမ်း နိုင်တဲ့ မြို့နယ်တွေကတော့ ထုချေလွှာတင်ရတယ်’’ဟု အနောက် ပိုင်းခရိုင်မှ မြို့နယ်မှူး တစ်ဦးက ပြောသည်။

ခိုးမှုကျူးလွန်သည့် တရားခံ အများစုမှာ ဖမ်းဆီးရမိချိန်တွင်  စစ်ဆေးသည့်အခါ တရားခံတစ် ဦး၌ အမှုပေါင်းများစွာရှိသည့် အတွက် ယခုကဲ့သို့ အမှုများလာ ရခြင်းဖြစ်သည်ဟု အရှေ့ပိုင်း ခရိုင်မှ အမှုလိုက်အရာရှိတစ်ဦး ကပြောကြားသည်။

‘‘ဥပမာစမ်းချောင်းမှာ ခိုးမှုနဲ့ တရားခံတစ်ယောက်ဖမ်းမိပြီ။သူ့ ကို စစ်ရင်အနည်းဆုံးမြို့နယ် လေး၊ ငါးခုမှာ ခိုးပြီးသား။ ဒီတော့သက်ဆိုင်ရာ မြို့နယ်အလိုက် ဆက်စပ်ပြီး သူ့အမှုတွေလိုက်ဖော် ရတယ်။ အဲဒီမှာအချိန်ကြာတာပဲ။ သူခိုးတွေက ဘယ်အချိန်စစ်စစ် သူတို့ခိုးတဲ့နေရာတွေကို အလွတ် ပြောနိုင်တယ်’’ဟု ၎င်းကပြော သည်။ ရန်ကုန်တိုင်းတွင် ၂၀၁၅ ဇန်န၀ါရီ ၂၀ ရက်အထိ ဖမ်းဆီး ရန် ကျန်ရှိနေသည့်တရားခံပြေးအမှု ပေါင်း ၂,၃၉၅ မှုရှိကြောင်း ရန် ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အထူးအစည်း အဝေးပွဲတွင် ပြောကြားသည်။

ခိုးမှုကျူးလွန်သည့် တရားခံ များကို လိုက်လံဖမ်းဆီးရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၌တရားခံပြေးအများဆုံးဖမ်းဆီးရမိ ပြီး ကျန်ရှိသည့် တရားခံပြေးများ ကိုလည်း စီမံချက်ဖြင့် ဆက်လက် ရှာဖွေဖမ်းဆီးနေသည်။ မြန်မာ နိုင်ငံတွင် ရန်ကုန်တိုင်းဒေသကြီးသည်တရားခံပြေးဦးရေ အများဆုံးဖြစ်ကြောင်း သိရသည်။

‘‘ခိုးမှုဖြစ်လို့ကတော့ အဲဒီနေ ရာနားတော့ ညဘက်တွေမသွား နဲ့။ တရားခံမပေါ်မချင်းတွေ့တဲ့သူ ဖမ်းတယ်။ အစ်ကိုတို့ ဆိုက်ကား သမားတွေတောင် ဖမ်းတယ်။ ဘာအမှုလဲ မေးတော့ မှောင်ရိပ်ခိုဆို ပြီး ပြောတယ်။ စခန်းရောက်တော့ မင်းတို့က ဘာလို့မသိတာလဲမေး တယ်။ နောက်နေ့သူခိုးမိလို့လေ။ မဖြေနိုင်တဲ့သူတွေကတော့ အင်း စိန်မှာ ရမန်တစ်ပတ်ချခံရတယ်’’ ဟု ကမာရွတ်မြို့နယ်မှ အနှေးယာဉ်မောင်းတစ်ဦးက ပြော သည်။

ရန်ကုန်တိုင်းအတွင်း ထွက် ပြေးလွတ်မြောက်နေသည့် တရား ခံများတွင် မိမိမြို့နယ်အတွင်း အမှုဖြစ်ပွား၍ ထွက်ပြေးသူများ ထက် အခြားမြို့နယ်များ၌ ပြစ် မှုကျူးလွန်ထွက်ပြေးသူပိုမိုများ ပြီး နှစ်စဉ်ဖမ်းဆီးရမိသော တရား ခံပြေးစာရင်းများမှာ ၂၀၁၁ ခုနှစ်တွင် ၁,၅၁၁ ဦး၊ ၂၀၁၂ တွင် ၁,၅၁၉ ဦး၊ ၂၀၁၃ တွင် ၁,၅၂၀ ဦးနှင့် ၂၀၁၄ အတွင်း ၁,၈၈၄ ဦးအများ ဆုံးဖမ်းဆီးရမိထားကြောင်း သ တင်းရရှိသည်။

Credit to : 7 Day Daily

0 comments:

Post a Comment