ပင်မကျောင်းသားသပိတ်အား ရန်ကုန်သို့ ကားများဖြင့် ၀င်ရောက်ရန် သဘောတူလိုက်သော်လည်း တာဝန်ရှိသူများဘက်မှ တောင်းဆိုသည့် အချက်သုံးချက်အား သပိတ်မှောက်ကျောင်းသားများက သဘောမတူသေးကြောင်း သတင်းရရှိသည်။
တာဝန်ရှိသူများ တောင်းဆိုသည့် အချက်များမှာ ကျောင်းသားများ ထိုင်သပိတ်ဆင်နွဲနေရာ နေရာအထိ ကားထိုး၍ ကားပေါ်တန်းတက်ကာ ထွက်ခွာရန်၊ သပိတ်စစ်ကြောင်း အသွင်ဖြစ်သည့် အလံများလွှင့်ထူခြင်း၊ ပိုစတာများ လွှင့်ထူခြင်းမပြုရန်နှင့် ယာဉ်တန်းပုံစံဖြင့် မထွက်ခွာဘဲ ယာဉ်တစ်စီးနှင့် တစ်စီး ခြား၍ထွက်ခွာရန်တို့ဖြစ်သည်။
မူလကသပိတ်မှောက်ကျောင်းသားများသည် လက်ပံတန်း တာဆုံအထိ လမ်းလျှောက်ထွက်ခွာရန် ရည်မှန်းထားပြီး ထို့နောက်မှ ကားများဖြင့် ရန်ကုန်သို့ထွက်ခွာရန် စီစဉ်ထားသဖြင့် အာဏာပိုင်တို့၏ တောင်းဆိုမှုအား သဘောမတူကြကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းသားများအား ရန်ကုန်သို့ဝင်ရန် သဘောတူပြီးဖြစ်သော်လည်း လက်ရှိအချိန်တွင် ထိုင်သပိတ်ဆင်နွှဲရာနေရာမှ မထွက်ခွာရသေးဘဲ ၁၁ နာရီ လေးဆယ့်ငါးမိနစ်အချိန်အထိ အာဏာပိုင်များ၏ တောင်းဆိုမှု မပြောင်းလဲပါက လေးယောက်တစ်တွဲစီတန်းကာ ဖောက်ထွက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
Credit to>>> 7Day New
Tuesday, March 10, 2015
‘သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ဝင်ရာတွင် လိုက်နာရမည့်အချက်များ အာဏာပိုင်များ၏ တောင်းဆိုမှု ကျောင်းသားများ သဘောမတူ’’
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment