စင်ကာပူနိုင်ငံ တည်ထောင်သူနှင့် ဝန် ကြီးချုပ်ဟောင်း လီကွမ်ယုသည် မတ်
၂၃ ရက် အစောပိုင်း စင်ကာပူစံတော်ချိန် နံနက် ၃ နာရီ ၁၈ မိနစ် က
စင်ကာပူဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ကြောင်း စင်ကာပူအစိုးရက ကြေညာချက်
ထုတ်ပြန်ခဲ့သည်။
လီကွမ်ယုသည် ဖေဖော်ဝါရီ ၅ ရက်ကတည်းက အဆုတ်ရောင်ရောဂါဖြင့်
ဆေးရုံတက်ရောက်ခဲ့ရပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျန်းမာရေးအခြေအနေ
ပိုမိုဆိုးရွားလာခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
စင်ကာပူကို ဆယ်စုနှစ်သုံးခုကျော်အတွင်း အာရှစီးပွားရေးအင်အားကြီး
နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ဦးဆောင်ပေးခဲ့သော အသက် ၉၁ နှစ်အရွယ် လီသည်
စင်ကာပူကို ဗြိတိန်လက်အောက်မှ ၁၉၅၉ ခုနှစ်တွင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် အချိန်မှစ၍ ၁၉၉ဝ ပြည့်နှစ်အထိ
ဝန်ကြီးချုပ်အဖြစ် နိုင်ငံကို ဦးဆောင်ခဲ့သည်။ စင်ကာပူသည် ဩဂုတ် ၉ ရက်တွင်
နိုင်ငံထူထောင်မှု နှစ် (၅ဝ)ပြည့် အခမ်းအနားအတွက် ပြင်ဆင်နေချိန်၌ လီ၏
ကျန်းမာရေးအခြေအနေ ဆိုးရွားမှုနှင့် ကြုံကြိုက်နေခြင်း ဖြစ်သည်။ လီကို
ထောက်ခံသူအများအပြားက စင်ကာပူကို ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရရှိမှု နှစ်
(၅ဝ) ပြည့်မြောက်သည့် ဩဂုတ် ၉ ရက်ထိ အသက် ဆက်ရှင်လိုနေကြသည်။
Credit to : Eleven Media Group
Monday, March 23, 2015
စင်ကာပူနိုင်ငံတည်ထောင်သူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု အသက် ၉၁ နှစ်အရွယ်၌ ကွယ်လွန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment