Tuesday, July 8, 2014

Selena Gomez ကို သူငယ်ချင်းစာရင်းက ထုတ်ပယ်လိုက်တဲ့ Demi Lovato


Selena Gomez နဲ့ Demi Lovato အရင်းတိုင်းပဲ ရင်ငြိုးတွေရှိကြပြန်ပါပြီ။ ဒီငယ်သူငယ်ချင်း နှစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်တွေမှာ ပြဿနာ ခဏခဏဖြစ်ခဲ့ကြပေမယ့် ဒီတစ်ခေါက်ကတော့ ထူးခြားတဲ့ဖြစ်ရပ် တစ်ခုဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ Lovatoကတော့ twitterကနေ Selena Gomez ကို unfollow လုပ်လိုက်ပါပြီ။ နယူးယောက်နေ့စဉ် သတင်းအရ သူမကို မဖျက်ပစ်ခင်မှာပဲ “Swimming away from the bulls**t bye b**ch”  ဆိုပြီးတော့ ရေးသွားခဲ့ပါတယ် တဲ့။

အကြောင်းပြချက်ကတော့ အခုထိ ဘယ်သူမှ မသိနိုင်သေးပါဘူး။ ဒါပေမယ့်Gomezရဲ့ မူးယစ်ဆေးသုံးစွဲမှု အကြောင်းနဲ့ ပတ်သတ်ပြီးတော့ Lovato ဒေါသထွက်ခဲ့တယ်ဆိုတဲ့ သတင်းကို အခြေခံပြီး ကောလဟာလ သတင်းတွေတော့ ရှိနေပါတယ်။

ဒီသူငယ်ချင်းနှစ်ယောက်ဟာ ပြန်တွဲ ပြန်ပစ်၊ သူငယ်ချင်းဖြစ်လိုက် ရန်ဖြစ်လိုက်နဲ့ သူတို့ ကလေးအရွယ် ကတည်းကနေ အောင်မြင်လာကြတဲ့အထိ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ မတ်လမှာ သူတို့နှစ်ယောက်ရဲ့ ဒီလိုသူငယ်ချင်းကြား ပြဿနာ ခဏခဏရှိလာတာကတော့ Gomez ဟာ “တစ်ခုခုဆို ဇွတ်လုပ်တယ်” ပြီးတော့ Lovato အနေနဲ့ကတော့ “ငယ်ရွယ်ပြီးတော့ ရှုပ်ထွေးနေတယ်” ဆိုပြီး Lovatoကနေ Seventeen magazineကို ရန်ဖြစ်ထားကြတဲ့ ကာလတုန်းက ပြောပြခဲ့ပါတယ်။

Gomez ဟာ ဒီတစ်ခေါက်ပဲ သူ့သူငယ်ချင်းအရင်းတွေနဲ့ ပဋ္ဋိပက္ခရှိတာမျိုး မဟုတ်ပါဘူး။ သူမနဲ့ Taylor Swift ကလည်း သူငယ်ချင်းအဖြစ်ကနေ ပြတ်သွားခဲ့ပြီးပါပြီ။

Ref:.starpulse.com

0 comments:

Post a Comment