ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းမှခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွား
လာနိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်များတိုးချဲ့ ပျံသန်းခြင်းကို ဇွန်လ၂၂ရက်နေ့တွင်စတင်မည်
ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
တိုးချဲ့ခရီးစဉ်များအဖြစ် ရန်ကုန်မှနေပြည်တော် ၊မန္တလေး ၊စစ်တွေ၊သံတွဲ၊ကော့သောင်း ၊ ထားဝယ်၊
မြိတ်၊မြစ်ကြီးနားမြို့များသို့ နေ့စဉ်ပြေးဆွဲမည်ဖြစ်ပြီး ၊ပူတာအို သို့အင်္ဂါ ၊ဗုဒ္ဓဟူး ၊ကြာသပတေး ၊
စနေ၊တနင်္ဂနွေနေ့များတွင်လည်းကောင်း ၊ဟဲဟိုးသို့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး ၊သောကြာ၊
တနင်္ဂနွေ၊ကျိုင်းတုံသို့ တနင်္လာ ၊ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေ၊ လွိုင်ကော်သို့တနင်္ဂနွေ၊တနင်္လာ၊
ကြာသပတေး၊စနေ၊မိုင်းဆတ်သို့တနင်္ဂနွေနှင့်ကြာသပတေး၊ဗန်းမော်သို့ အင်္ဂါ၊ ဟုမ္မလင်းသို့
အင်္ဂါ၊စနေ၊ကျောက်ဖြူသို့ တနင်္ဂနွေ၊တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊သောကြာ၊စနေ၊မုံရွာသို့သို့အင်္ဂါ၊
စနေ၊တာချီလိတ်သို့အင်္ဂါ၊ကြာသပတေး၊မော်လမြိုင်သို့ တနင်္လာ ၊ကြာသပတေး၊စနေ၊ကလေးသို့
၊တနင်္ဂနွေ၊တနင်္လာ၊ သောကြာ၊လားရှိုးသို့ အင်္ဂါနေ့များတွင် ပျံသန်းမည်ဖြစ်ကြောင်း နှင့် မန္တလေးမှ
ကျိုင်းတုံသို့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊မုံရွာနှင့် ဟုမ္မလင်းသို့ အင်္ဂါ၊စနေ၊လားရှိုးသို့ တနင်္လာ၊ကြာသပတေး၊ တာချီလိတ်သို့တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊ခန္တီးသို့အင်္ဂါ၊သောကြာ၊ကလေးသို့ တနင်္လာ၊ဗုဒ္ဓဟူး၊
သောကြာ၊တနင်္ဂနွေ၊ဗန်းမော်သို့ အင်္ဂါ၊ လွိုင်ကော်သို့ ဗုဒ္ဓဟူး၊ မြစ်ကြီးနားသို့Embeaer -Jet နှင့်
ATR လေယဉ်များ ဖြင့် ယခုလ၂၂ရက်နေ့မှစတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး
ဌာန မြန်မာ့လေကြောင်းမှသတင်းထုတ်ပြန်သည်။
မြန်မာတိုင်း(မ်)
0 comments:
Post a Comment